လွိုင်ကော်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် KNDF နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ “၅” ဦးအသက်ပေးသွားရပြီး၊ စစ်ကောင်စီမှ ၃၀ ခန့်သေဆုံး

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ (၂၉) ရက်‌၊ မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ၊ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် “၄” ဉီး နှင့် KNDF ရဲဘော်တစ်ဉီး “၁” ဉီး ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့ရသည်ဟု KNDF မှ သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီအမြောက်တပ်များမှ လက်နက်ကြီးများဖြင့် တနေကုန် (သတင်း ထုတ်ပြန်ချိန် ည ၇:၀၀ နာရီခန့် အထိ) အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၃၀) ဉီးခန့် သေဆုံး၍၊ (၃၀) ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကို ပြည်သူ့ဘက်တော်သားတပ်ဖွဲ့များမှ တိုက်ခိုက်မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်းလည်း သိရသည်။ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ကျဆုံးသွားသော ရဲဘော်များအားလုံးကို ပြည်သူ့လွတ်မြောက်ရေး အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုကာ သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းလည်း KNDF မှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဖယ်ခုံမြို့၊ စစ်ကောင်စီ (၄၂၂) တပ်ရင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခေါင်းမိုင်း တောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့၍၊ အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်ထွက်ပြေးခဲ့ရေကြောင်းလည်း သိရသည်။ စစ်ကောင်စီတပ်များ သည် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ ထိုးစစ်ဆင်လျက်ရှိပြီး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို တိုက်ခိုက်ဖျက်စီးလျက်ရှိနေခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၁

#ဓာတ်ပုံ_အဟောင်း - KNDF တပ်ဖွဲ့ဝင်များ

#KNDF

#PDF

#RestInPower

#HTY_Information


 


လှိုင်သာယာမြို့နယ်ရှိ Myanmar Unique အထည်ချုပ် စက်ရုံအား ယာယီပိတ်သိမ်း...

HTY Information 7 months ago

လှိုင်သာယာ FMI အိမ်ယာဝန်းအတွင်း ကန့်သတ်ချက် များစွာဖြင့် လုံခြုံရေးအပြ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်မှ...

HTY Information 11 months ago

အာရှတိုက်ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်ဒုသမ္မတ Kamala Harris စင်္ကာပူနို...

HTY Information 8 months ago

စစ်ဖြစ်ရင် အမေရိကန်လာမကူနိုင်ဟု တရုတ်မီဒီယာများမှ သတိပေးပြီးနောက် ထိုင...

HTY Information 9 months ago