“လွတ်လပ်နေတဲ့အချိန်မှာ Rock and Roll ဂီတဟာ သူ့ရဲ့အလှပဆုံး စင်မြင့်ထက်မှာရှိနေတယ်”

ကမ္ဘာကျော်ဂီတမဂ္ဂဇင်း ရိုးလင်းစတုန်းမှ မြန်မာနိုင်ငံ၏ လူငယ်ရော့ခ်ဂီတသူရဲကောင်းများဖြစ်သော ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူး၊ ဟန်နေတာ တို့၏ အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်ခဲ့ပုံကို အခြေခံ၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းခဲ့ခြင်း၊ ပြည်သူများကိုရက်စက်စွာ ဖြိုခွင်းသတ်ဖြတ်ခဲ့ခြင်း၊ စစ်အစိုးရလက်ထက် ဂီတနယ်ပယ်တွင် အရာရာလွတ်လပ်ခွင့်မရခဲ့ပုံ တို့ကို အသေးစိတ်ရေးသားဖော်ပြခဲ့သည်။

မတ်လ (၇) ရက်နေ့က ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူး၊ ဟန်နေတာတို့ နောက်ဆုံးအကြိမ်အတူရှိခဲ့ကြပြီး အဖမ်းခံရနိုင်သည်ကို သိလျက်နှင့် “Headshot” သီချင်းကို အတူဖန်တီးခဲ့ပုံ၊ ထို့နောက် လမ်းခွဲ၍ရန်ကုန်ကိုစွန့်ခွါ ခြေရာဖျောက်ခဲ့ရပုံတို့ကို အသေးစိတ်ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ထို့ပြင် ယခင်စစ်အစိုးရလက်ထက် အရာရာလွတ်လပ်ခွင့်မရှိသော ဆင်ဆာစနစ်အောက်တွင် လူငယ်ဂီတပညာရှင်တစ်ဦးအနေဖြင့် ဆင်ဆာလည်းလွတ်အောင်၊ သူ၏ပရိတ်သတ်လည်းနားလည်အောင် သီးချင်းစာသားများ တီထွင်ရေးသားခဲ့ရပုံကိုလည်း ကျားပေါက်မှ Rolling Stone သို့ အသေးစိတ်ပြောကြားခဲ့သည်များကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့အစိုးရတက်လာပြီးနောက်ပိုင်း ဂီတနယ်ပယ်တွင် လွတ်လပ်ခွင့်များစွာရခဲ့ပြီး လူငယ်ဂီတပညာရှင်များအနေဖြင့် ဆင်ဆာနှင့် အစိုးရကို ကြောက်စရာမလိုပဲ ဂီတကို လွတ်လပ်စွာဖန်တီးခွင့်များ ရခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။ ထို့ပြင် ဂီတပညာရှင်ရွှေဂျော်ဂျော်မှ မြန်မာပြည်တွင် ဂီတနယ်ပယ်၌ထူးချွန်သော လူငယ်များစွာရှိသော်လည်း ဂီတပညာကို စနစ်တကျသင်ကြားခွင့် မရကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ကိုလည်း တွေ့ရပါသည်။

လွတ်မြောက်နယ်မြေတွင် အတူတကွတိမ်းရှောင်ရင်း ရေမွန်ဆုံးပါးသွားခဲ့သည့်နောက်၊ သူငယ်ချင်းသေဆုံးမှုကို အသေအချာဝမ်းနည်းပူဆွေးခွင့်ပင် မရပဲ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေရသော နိုဗန်ထူး၏ ဖြစ်စဉ်နှင့် နိုဗန်ထူးမှ တော်လှန်ရေးသီချင်းများ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ ဂီတကိုသုံး၍ ဆက်လက်တော်လှန်သွားမည်ဟု ပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။

“Our lives got dark, yet our resilience will lighten the next generation.”

(ငါတို့ ဘဝတွေမှောင်သွားပေမယ့် .. ငါတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ နောက်မျိုးဆက်ကို အလင်းပေးမယ်”)

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာ ၇ ရက်၊ ၂၀၂၁

HTY Information မှ ဥာဏ်စွမ်းရှိသ၍ ဘာသာပြန် ဖော်ပြသည်။

(Rolling Stone ရဲ့ မူရင်းဆောင်းပါးက အသေးစိတ်ဖော်ပြထားတာဖြစ်လို့ တစ်ပုဒ်လုံးကိုဘာသာပြန်ရင် အရမ်းရှည်သွားမှာ စိုးတဲ့အတွက် အနှစ်ချုပ်ကိုပဲ ဖော်ပြလိုက်ပါတယ်။ ကျွန်တော်တို့ ဘာသာပြန်လိုအပ်ချက်တွေကြောင့် မူရင်းဆောင်းပါးကို ထိခိုက်မှာတော့ စိုးရိမ်မိပါတယ်။ သည်းခံနားလည်ပြီး ဖတ်ပေးကြဖို့ တောင်းဆိုပါရစေ 🙏 ။ HTY Information Admin Team က ကိုရေမွန်နဲ့ ကိုကျားပေါက်တ်ို့ရဲ့ ပုရိတ်သတ် Admins များနဲ့၊ စာဖတ်သူများထဲမှ Rock & Roll ပရိသတ်များ မိမိတို့အားပေးတဲ့ အနုပညာရှင်များအတွက် ဝမ်းနည်းတဲ့ကြားက ဂုဏ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။)

#လေးစားစွာဖြင့်

#HTY_Information



လှိုင်သာယာမြို့နယ်အတွင်း နေအိမ်တွင် ဆိုင်ကယ်ရှိနေပါက စစ်ကောင်စီနှင့် ရ...

HTY Information 3 months ago

တော်လှန်ရေး၏ အပြောင်းအလဲတစ်ခုအားအင်တစ်ခုဖြစ်လာမည့် NUG BOND များ ယနေ့မ...

HTY Information 6 days ago

လှိုင်သာယာမြို့နယ်တွင် မီတာကြွေးကျန်စာရင်းများပို့ကာ မီးဖြတ်မည်ဟု လာရေ...

HTY Information 2 months ago

မင်္ဂလာဒုံ ထွေအုပ်ရုံး နှစ်ပတ်လည်အခန်းအနားကျင်းပနေစဉ် ပစ်ခတ်ခံရ၍ ကင်းစ...

HTY Information 3 weeks ago

စစ်​ကောင်စီမှ အကျဆုံးများခဲ့သည့် ယမန်​နေ့ တိုက်ပွဲနေရာသို့ ထပ်မံ စစ်​က...

HTY Information 2 months ago