လူနေကွန်ဒိုထိ ရည်ရွယ်ချက်ရှိရှိ ဗုံးဖောက်ခွဲမှုကြောင့် ညစောင့်လုံခြုံရေး (၂)ဦး ထိမှန်သေဆုံး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓီလမ်းရှိ ကွန်ဒိုအိမ်ရာတစ်ခုတွင် ယနေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး အိမ်ရာလုံခြုံရေး အစောင့် (၂)ဦး သေဆုံးသွားကြောင်းသိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကွန်ဒို၏ နေ့လုံခြုံရေး ကျော်ဝင်း၊ နှင့် အမည်မသိအမျိုးသားတစ် ဦး( ယာခြေတစ်ဖက်ပြတ်ထွက်၊ အူပွင့်ဒဏ်ရာ) တို့သေဆုံးသွားကြောင်းသိရှိရသည်။

တစ်ဖက်မှ စစ်ကောင်စီတပ်ဖွဲ့များတည်ရှိရာနေရာများတွင်ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့သော်လည်း ပြည်သူအများနေခိုင်ရာ ကွန်ဒိုအိမ်ယာထိရည်ရွယ်ချက်ရှိရှိဖောက်ခွဲ့သည်မှာ ဘယ်သူ့လက်ချက်ဆိုတာပြောစရာမလိုလောက်အောင်ရှင်းသည်ဟု ပြည်သူအများမှသုံးသပ်ကြသည်။

"ဒီကိစ္စက ဘယ်သူလက်ချက်ဆိုတာ ပြောစရာမလိုအောင်ရှင်းပါတယ် ပြည်သူထိခိုက်အောင် ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် တမင်ရည်ရွယ်ချက်ရှိရှိလုပ်သွားတာအသိသာကြီးပါ"ဟု မြို့နေပြည်သူတစ်ဦးမှ ဆိုခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

#မရမ်းကုန်း

#ကွန်ဒိုဗုံးပေါက်ကွဲမှု

#HTY_Information

နိုင်ငံတွင်းထူးခြားဖြစ်စဉ်မရှိပဲ ပြစ်တင်စောနေတယ်ဟုဆိုကာ ယခုလာမည့် ကုလည...

HTY Information 2 months ago

ကန်ကြီးထောင့်မြို့တွင် စစ်ကားထဲလက်ပစ်ဗုံးပစ်ခံရ၍ စစ်သား(၃)ဦးသေဆုံးပြီး...

HTY Information 1 month ago

ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မှန်တရားစွဲဆိုခံရသော Cele/Influencer (၂၀)ဦး

HTY Information 7 months ago

လှိုင်သာယာမြို့အဝင် အောင်ဇေယျ(ကြိုးတံတားအဆင်း လောင်စာဆီတင်ယာဉ်ကားတစ်စီ...

HTY Information 3 months ago

Tianjin Fashion အထည်ချုပ်စက်ရုံအပါအဝင် စက်ရုံအလုပ်ရုံအများ ပိတ်သိမ်း၍အ...

HTY Information 6 months ago