ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အချို့မှစတင်၍ (ပုံစံ-၆၆) သန်းခေါင်စာရင်းကိုင်ဆောင်ထားသူတိုင်း ၊ သန်းခေါင်စာရင်းမိတ္တူနှင့် စာရင်းရှိ(နေအိမ်တွင်နေထိုင်)သူများ မိသားစု ဓာတ်ပုံရိုက်ပြီး မိမိတို့နေအိမ်ရှေ့ကပ်ထားရမည်ဖြစ်ကြောင်းသိရသည်။
စာရင်းရှိပုံပါလူစာရင်းထက် တိုးလာခြင်းလျော့သွားခြင်းကို နယ်မြေခံရပ်ကွက်ရုံးသို့သတင်းပို့ရမည့်ပုံစံမျိုးဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက အရေးယူခံရသောစနစ်တစ်ခုဖြစ်ကြောင်း ရှေ့ယခင်ကစနစ်ကိုမှီခဲ့သောရပ်မိရပ်ဖများထံမှသိရှိရပါသည်။
သန်းခေါင်းစာရင်းရှိ စာရင်းမိတ္တူပုံစံပေါ်တွင် အိမ်ရှင်မှကိုယ်တိုင်ရေးသားပေးရပြီး ၎င်းစာရွက်ဖိုးကိုလည်းကောက်ခံကြောင်းသိရသည်။
ယင်းဖြစ်စဉ်သည် ယခင်လွန်ခဲ့သောနှစ်များစွာက စစ်အစိုးရ အုပ်ချုပ်စဉ်ပြုလုပ်ခဲ့သောပုံစံဖြစ်ပြီး (၁၀)စုနှစ်ကျော်ခဲ့ပြီလည်းဖြစ်သည်။
ခေတ်အဆက်ဆက်တိုးတတ်လာသော မြန်မာပြည်အခြေအနေကို နောက်ကြောင်းပြန်ပို့၍ ရည်ရွယ်ချက်ရှိရှိချိုးနှိမ်နေတာလား (သို့မဟုတ်) အာဏာသိမ်းအစိုးရအနေနဲ့ ယခုမျိုးဆက်ကိုကြောက်ရွံ့နေခြင်းလားဆိုတာကို သေခြာမခွဲခြားနိုင်ဘူးဟု နိုင်ငံရေးအသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုလာကြသည်။
HTY Information
ဇွန်လ ၂၀ ရက် ၊ ၂၀၂၁