ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ယမန်နေ့ ဇွန်လ (၁၄)ရက် ည (၁၂:၀၀)ဝန်းကျင်အချိန်မှစပြီး တစ်ညထဲ မိသားစု (၃)စုထိဖမ်းဆီးခံရကာ နေအိမ်တွေပါ ချိတ်ပိတ်သွားကြတယ်လို့ ဒေသခံများထံမှသိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာနဲ့ မိသားစုဝင်တွေပါဘာအတွက်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရှိကြရသလို ဘယ်ကိုဖမ်းဆီးခေါ်ဆောင် သွားတယ်ပါ ယခုထိမသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါဖမ်းဆီးခံလိုက်ရတဲ့နေအိမ်တွေအား စစ်ကောင်စီတပ်တွေက ချိတ်ပိတ်လိုက်ကြပြီး စစ်ကောင်စီဘက်က ဖမ်းဆီးမှုနဲ့ပတ်သက်၍သတင်းထုတ်ပြန်ထားတာမျိုးကိုလည်း မတွေ့ရှိရသေးပါဘူး။
ဇွန်လ ၁၅ ရက်၊ ၂၀၂၂
#လှိုင်သာယာ
#မိသားစု၃စုဖမ်းဆီးခံရ
#HTY_Information