လှိုင်သာယာမြို့နယ်တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာ (၃)နေရာတွင် ဗုံး(၆)လုံးပေါက်ကွဲမှုဖြစ်ပေါ်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမာခံတပ်စွဲထားသော တပ်မတော်အထည်ချုပ်စက်ရုံ၊ မြစိမ်းရောင်အိမ်ယာအနီးနှင့် ရွှေလင်ပန်းကျောင်ရှေ့မှတ်တိုင်အနီးရှိ နေရာ (၃) နေရာတွင် ဒီကနေ့ နိုဝင်ဘာ (၂၂)ရက် ည (၉:၀၀)ဝန်းကျင်အချိန်ခန့်မှစတင်၍ ဗုံး (၆)လုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။

အဆိုပါ ဖောက်ခွဲမှုများအား လှိုင်သာယာမြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (HRDF) ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မကြာမှီအချိန်အတွင်း ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု (HRDF) တာဝန်ရှိသူတစ်ဦးကဆိုပါသည်။

"နေရာ (၃)နေရာ ခွဲပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့တာဖြစ်ပါတယ် တစ်နေရာ (၂)လုံးနှုန်းပေါ့ အားလုံးကတော့ အဝေးထိန်းဗုံးတွေပါပဲ ပေါက်ကွဲမှုဖြစ်ပြီး သူတို့ကတော့ ထုံစံအတိုင်းရမ်းပစ်တော့တာပဲ (၃)နေရာဆိုတော့ ဒီကောင်တွေတောင်ပြေးမြောက်ပြေးနဲ့ နည်းနည်းတော့ ပွဲဆူသွားမယ်ထင်တယ် ကျွန်တော်တို့ဘက်က တပ်ဖွဲ့ဝင်အားလုံးကတော့ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါတယ် " ဟု ၎င်းကဆိုပါသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာအားလုံးတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အနီးနားဖြတ်သန်းသွားလာနေသူများအား သေနတ်ပစ်ဖောက်တားဆီးခြင်း ရမ်းသန်းပစ်ခတ်ခြင်းများနှင့် ဆံဆိုကြိမ်းမောင်းမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၁


#လှိုင်သာယာ

#ဗုံးပေါက်ကွဲမှု

#HRDF

#HTY_Information

စစ်ကောင်စီဘက်တော်သားအုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့ဟု ဗိဿနိုးနယ်မြေ PDF...

HTY Information 2 months ago

နိုင်ငံခြားငွေဈေးမြင့်တက်ရာမှ တရုတ်ငွေဈေးစံချိန်တင်မြင့်တက်လာခဲ့ပြီး မ...

HTY Information 2 months ago

လွတ်မြောက်မှုနှင့် တန်းတူအခွင့်အရေးအတွက် အာဖဂန်အမျိုးသမီးများ တာလီဘန်အ...

HTY Information 2 months ago

အိမ်စောင့်အစိုးရက အချိန်ခဏသာဖြစ်ပြီး အရေးပေါ်ကာလဆောင်ရွက်လို့မပြီးပါက...

HTY Information 3 months ago

ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မှန်တရားစွဲဆိုခံရသော Cele/Influencer (၂၀)ဦး

HTY Information 7 months ago