လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်ခဲ့သော အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှု (1%)ရာခိုင်နှုန်းသာရှိနေ

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်သော အခြေခံကျောင်းများ ကျောင်းအပ်နှံမှု (၁%) သာရှိနေ မေလ ၂၅ရက် / ၂၀၂၁ ခုနှစ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၅) ကျောင်း (ခန့်မှန်း) ရှိပြီး၊ (၂၀၂၀ ခုနှစ်အထိ) ကျောင်းသား/ကျောင်းသူ (၁) သိန်း ဝန်းကျင်ခန့် တက်ရောက် ပညာသင်ကြားလျက် ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက်၊ မေလ ၂၄ ရက်နေ့တွင် အခြေခံပညာ စာသင်ကျောင်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။ ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းအား ပြည်သူလူထုမှ ဆန့်ကျင်ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ကျောင်းအပ်နှံမှု အရေအတွက် လွန်စွာနည်းပါးခဲ့ပါသည်။ HTY Information ၏ စုံစမ်းမှုအရ မေလ ၂၄ ရက် နှင့် ၂၅ ရက် (၂) ရက်ပေါင်း ကျောင်းသား/ကျောင်းသူ (၁%) သာ ကျောင်းအပ်နှံခဲ့ကြကြောင်း သိရှိရပြီး၊ ကိန်းဂဏန်းအရ ကျောင်းသား စုစုပေါင်း ၁၀၀,၀၀၀ တွင် ၁,၀၀၀ ခန့်သာ အပ်နှံခဲ့ကြခြင်းဖြစ်သည်။ HTY Information

ဈေးကွက်တွင်း ဒေါ်လာဈေး ၂၀၀၀ ကျော်ရှိနေသည်ကိုပင် ငွေလဲနှုန်းအကျပ်အတည်းထ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသော ပြည်သူ (၄)ဦးအား စစ်ကောင်စီ...

HTY Information 11 months ago

ရန်ကုန် ထန်းတပင် ပန်တိုင်ဂိတ်စခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်...

HTY Information 1 month ago

နိုင်ငံတော်ကိုအချက် (၃)ချက်နဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံသားတိုင်...

HTY Information 6 months ago

လှိုင်သာယာမြို့နယ်က လူငယ် (၂)ဦးကို PDF ဟုဆိုကာ စစ်တပ်က အင်းအားအလုံးအရင...

HTY Information 8 months ago