လှိုင်သာယာမြို့နယ်တွင်း စစ်အုပ်ချုပ်ရေး လက်အောက် ပိုမိုတင်းကျပ် ထိန်းချုပ် ခံလာရသော လူနေအဆောင်များ

စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ပြီးနောက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အချို့တွင် ပုံစံမျိုးမျိုးဖိနှိပ်ခံကြရပြီး ယခုအခါ လူနေအဆောင်များအားထပ်မံထိမ်းချုပ်လာခဲ့သည်။

လူနေအဆောင်များတွင် လာရောက်နေထိုင်သူများအနေဖြင့် မိမိတို့လာရောက်ခဲ့သော နေရပ်အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံစာများယူဆောင်လာရမည်ဖြစ်ပြီး၊ မိမိနေထိုင်လိုသော အဆောင်၏ တာဝန်ခံမှတစ်ဆင့် ဧည့်စာရင်းမဖြစ်မနေတိုင်ကြားရမည်ဖြစ်ကြောင်းသိရသည်။ ဒါပြင် အချို့ရပ်ကွက်များတွင်လည်း ဧည့်စာရင်းစာရွက်ဖိုးဟုဆိုကာ ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ရပ်ကျေးအဖွဲ့သို့ပေးဆောင်ရကြောင်း ထပ်မံသိရှိရပါသည်။

လူနေလိုင်းခန်းနှင့်အဆောင်များအား ဧည့်စာရင်းစစ်ဆေးသည့်အခါ တိုင်ကြားထားခြင်းမရှိပါက ၎င်းအဆောင်/လူနေလိုင်းခန်း၏ တာဝန်ခံမှ တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည်။

ယခုနောက်ပိုင်း ရွေ့ပြောင်းလုပ်သားပေါများသောမြို့တော်ဖြစ်သည့်အတွက် ဧည့်စာရင်းစစ်ဆေးသည့်အခါ လူနေလိုင်းခန်း/အဆောင်များကိုသာ ဦးစားပေးစစ်ဆေးလာခဲ့ပြီး ၎င်းအဆောင်မှူး တာဝန်ရှိသူများထံ ပုံစံအမျိုးမျိုးဖြင့် မကြာခဏဆိုသလို ရပ်ကျေးအဖွဲ့မှ ငွေကြေးကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရပါသည်။

ဇူလိုင် ၄ ရက် ၊ ၂၀၂၁

HTY Information

လှိုင်သာယာအနှံ့ ဖျက်ဆီးခံကျူးကျော်အိမ်များမှ နေစရာမရှိသူများအတွက် အဆော...

HTY Information 7 months ago

အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော CDM တပ်မတော်သ...

HTY Information 4 months ago

လှိုင်သာယာမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ...

HTY Information 11 months ago

တောင်ကိုရီးယားနှင့် အမေရိကန်ပူးပေါင်းစစ်ရေးလေ့ကျင်မှုသည် တောင်/မြောက်...

HTY Information 1 year ago