ဧပြီလ ၁၀ရက် လှိုင်သာယာမြို့နယ်တွင်း စက်ရုံ အလုပ်ရုံအများစု ပိတ်သိမ်းသွားကြပြီး အချို့စက်ရုံများကတော့ အလုပ်သမားများကို နစ်နာကြေးပေးပိတ်သိမ်းသွားတာလည်းရှိသလို တရုတ်ပိုင်စက်ရုံအများစုကတော့ ထွက်ပြေးပိတ်သိမ်းသွားကြတယ်လို့လည်းသိရပါတယ်။နစ်နာကြေးရရှိခဲ့သော အချို့စက်ရုံတွေအနေနဲ့နစ်နာကြေးလို့တောင် သတ်မှတ်၍မရလောက်အောင် နည်းပါးပါတယ်လို့လည်း စက်ရုံဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။ သူမပြောကြားချက်အရ "စက်ရုံဝန်ထမ်းနှစ်ကြီးသမားတွေတောင် အလွန်နည်းပါးတဲ့ နစ်နာကြေးရခဲ့ရပြီး ဝန်းထမ်းသက်တမ်းနုတဲ့သူတွေဆို သူတို့ရတဲ့နစ်နာကြေးဟာ ပြောလို့တောင်မပြတတ်ဘူး ယခုအချိန်မှာ အစိုးရဆိုတာဘယ်သူမှန်းမသိ ဘယ်သူကိုတိုင်းရမှန်းတောင်မသိ စက်ရုံကအကြီးအကဲတွေလည်းအညှိမခံ သူတို့တိုင်လိုက်လို့ သေနတ်နဲ့လာပစ်မှာလည်းကြောက်ရတော့ ရတာလေးနဲ့ကျေနပ်ပြီး ပြန်လာခဲ့ရပါတယ် ပိုဆိုးတာက လုံးလုံးပိတ်ပြီး ထွက်ပြေးသွားတဲ့ စက်ရုံကဝန်ထမ်းတွေဆို အခုချိန်အတော်ခက်ခဲနေကြမှာပါ" ဟုသူမကဆိုသည်။ #လှိုင်သာယာမြို့နယ်_Information