ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူးမှတ်တိုင်အနီး ညောင်တုန်းလမ်းမပေါ်တွင် ယမန်နေ့ စတင်ဘာလ ၁ ရက် ည (၁၀:၁၅)မိနစ်အချိန်ခန့်က မြို့နယ်တွင်း ပစ်ခတ်သံများထွက်ပေါ်ခဲ့ရခြင်းသည် ဆိုင်ကယ်စီးနင်းလာသော ပြည်သူ (၄)ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် တစ်ဦးသေနတ်ထိမှန် သေဆုံးသွားခဲ့ပြီး သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းပတ်ခတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီမှ ဆိုင်ကယ်အား တားဆီးရာမှမရပ်ပေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရခြင်းဖြစ်ကြောင်းဆိုပါသည်။
ပစ်ခတ်ခံရသူနှင့် ဖမ်းဆီးခံရသူများအား မည်သူဖြစ်ကြောင်းကို စုံစမ်းသတင်းရယူဆဲဖြစ်ပြီး သေဆုံးသူကိုတော့ လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရှိရပါသည်။
ယမန်နေ့ညက အဆိုပါပစ်ခတ်သံများကြောင့် ထင်မြင်ချက်များစွာထွက်ပေါ်ခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်မှုမျိုးမဟုတ်ပဲ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ပါသည်။
စတင်ဘာလ ၂ ရက်၊ ၂၀၂၁
#လှိုင်သာယာ
#ဓာတ်ပုံ_စစ်ကောင်စီတပ်ဖွဲ့ဝင်များပုံဟောင်း
#ပစ်ခတ်ဖမ်းဆီးမှု
#HTY_Information