ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်လမ်း၊ King Power အိမ်ဆောက်ပစ္စည်းဆိုင်အနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား အကြမ်းဖက်စစ်တပ်မှ အဆက်မပြတ်ပစ်ခတ်ပြီး သေဆုံးသူအလောင်းအား ယူဆောင်သွားကြောင်းသိရသည်။
ယနေ့ဇွန်လ ၂၇ ရက် ည (၇:၂၀)မိနစ် ဝန်းကျင်ခန့်က စစ်ကောင်စီတပ်များသည် ဆိုင်ကယ်မောင်းနှင်လာသော ပြည်သူတစ်ဦးအား မှောင်ရိပ်မှ ဆိုင်ကယ်ရပ်ခိုင်းပြီး မရပ်ပေးသည့်အတွက်ကြောင့် သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြပြီး သေဆုံးသွားသူအလောင်းက ယူဆောင်သွားခဲ့ကြောင်းသိရှိရပါသည်။
လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်ဖမ်းဆီးချိန်မှစ၍ တားမြစ်မရပ်ပေးခြင်းကြောင့်ဟုဆိုကာ ပစ်ခတ်မှုများ ယခင်ရက်များတွင်လည်းများစွာ ရှိခဲ့ဖူးပါသည်။
HTY Information
ဇွန်လ ၂၇ ရက် ၊ ၂၀၂၁