လှိုင်သာယာမြို့နယ်တွင်း လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များ ပိတ်ပေးရန် ရပ်ကျေးများမှလိုက်လံပြောကြား

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရပ်ကွက်အချို့တွင် လမ်းဘေး စက်သုံးဆီအရောင်းဆိုင်များအား ဇွန်လ (၃၀) နောက်ဆုံးထား ပိတ်သိမ်းပေးရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးများဦးဆောင်သောအဖွဲ့မှ လိုက်လံပြောကြား၍ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အလုပ်သမား လူတန်းစားအများစုနေထိုင်သော လှိုင်သာယာမြို့နယိတွင် လမ်းဘေးပျံကျဈေးသည်များပေါများ၍၊ မိသားစုဝမ်းရေး ဖြေရှင်းနေသော တစ်ပိုင်တစ်နိုင်လုပ်ငန်းများထဲတွင် လမ်းဘေးစက်သုံးဆီအရောင်းဆိုင်များလည်း ပါဝင်ပါသည်။

လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်များ အရေးယူဖမ်းဆီးမှုများ နေ့စဉ်လုပ်ဆောင်လာခဲ့ကြသည့်အတွက်၊ ကယ်ရီဆွဲ ဝမ်းရေးဖြေရှင်းသူအများ ဒုက္ခရောက်နေကြရသလို၊ ဆိုင်ကယ်အားပြုသွားလာရသည့်မြို့တော်ဖြစ်သည့် အလျောက် သွားရေးလာရေး လွန်စွာခက်ခဲလာခဲ့သည်။

ထို့အပြင် စက်ရုံအလုပ်ရုံအများ ပိတ်သိမ်းခြင်းတို့ကြောင့် အလုပ်လက်မဲ့များပြားလာပြီး ပျံကျဈေးသည်များ ပေါများလာသည်နှင့်အမျှ၊ ရပ်ကွက်ဈေးအချို့တွင် ရပ်ကျေးများမှ အစည်းအဝေးခေါ်ယူ၍ လစဉ်ကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်းဈေးသည်အချို့၏ပြောပြချက်အရ သိရှိရပါသည်။


#ဓာတ်ပုံ_Credit

#HTY_Information

လှိုင်သာယာ ကျန်စစ်သားအိမ်ယာမှာ အမျိုးသမီးတစ်ဦးနှင့်အိမ်အကူခလေးပါသတ်ဖြတ...

HTY Information 3 months ago

ရန်ကုန် ဒေါပုံ မြို့သစ် အုပ်ချုပ်ရေးမှုရုံးအား ချိန်ကိုက်ဗုံးဖောက်ခွဲခ...

HTY Information 10 months ago

“မြန်မာနိုင်ငံသားများရဲ့ သတ္တိကိုလေးစားပြီး၊ လက်တွေ့ကျသေချာတဲ့ အရေးယူဆ...

HTY Information 1 year ago

စစ်ကောင်စီလက်အောက်ပညာသင်ကြားဖို့ ဆရာ ဆရာမ မလုံလောက်တဲ့အတွက် ပြန်လာကြဖိ...

HTY Information 2 months ago

ထီးချိုင့်မြို့တွင် KIA နှင့် PDF တို့ပူပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတ...

HTY Information 1 year ago