HTY Information 11 months ago

လှိုင်သာယာမြို့နယ်တွင်း အမေရိကန်သံရုံးနှင့် Myanmar Kitchen တို့ပူပေါင်း၍ လှူတန်းရန်စီစဉ်

“လှိုင်သာယာမြို့နယ်အတွင်းကပြည်သူတွေကိုအကူအညီပေးဖို့အတွက် Myanmar Kitchen ရဲ့ကြိုးပမ်းအားထုတ်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ အစားအသောက်၊ စားသုံးဆီနဲ့ ဆေးဝါးတွေကို အမေရိကန်သံရုံးကိုယ်စား ကျွန်တော်နဲ့ကျွန်တော်ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ပေးအပ်လှူဒါန်းခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ လိုအပ်နေသူတွေကို အကူအညီပေးဖို့အတွက် ပစ္စည်းတွေကို လာရောက်ယူ‌ဆောင်ပေးတဲ့ Myanmar Kitchen ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ သင်ကိုယ်တိုင်နှစ်မြှုပ်ပြီး ကမ္ဘာကြီးကိုပိုမိုကောင်းမွန်တဲ့နေရာဖြစ်ဖို့အတွက် စိတ်ရောကိုယ်ပါလုပ်ဆောင်နေကြသူတွေနဲ့အတူပူးပေါင်းဆောင်ရွက်မှုဟာအရေးကြီးပါတယ်။ မြန်မာနိုင်ငံတစ်လွှားကလိုအပ်နေတဲ့ ပြည်သူတွေအတွက်အကူအညီတွေပေးဖို့ ပူးပေါင်းကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြတဲ့ ကျွန်တော်တို့သံရုံးဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်” - အမေရိကန်သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါ ဟု ၎င်းတို့၏ သံရုံး စာမျက်နာတွင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဩဂုတ်လ ၁၆ရက်၊ ၂၀၂၁

#USembassy

#လှိုင်သာယာ

#HTY_Information

မင်းတပ်၊ ပလိပ်ထွီရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ် တ...

HTY Information 11 months ago

ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင...

HTY Information 9 months ago

ရွှေလင်ပန်းအမှတ်(၂၃)ရပ်ကွက် ရွှေစံပယ်(၃)လမ်းတွင် နေအိမ်များ ထပ်မံဖျက်ဆ...

HTY Information 1 year ago

လှိုင်သာယာမြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ လက်နက်အရောင်းအဝယ်ပြုလု...

HTY Information 2 months ago

ယနေ့တိုက်ပွဲတွင် PDF(Kalay)နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ “၃” ဦး လက်နက်...

HTY Information 10 months ago