လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်လိုက်ပြီးနောက် ကျူးကျော်နေအိမ်များထပ်မံဖယ်ရှားပေးရန် စစ်ကောင်စီညွှန်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ညက စတင်၍ ဆိုင်ကယ်/သုံးဘီး(ဘေးတွဲ)ဆိုင်ကယ်များ စီးနင်းခွင့်မပြုတော့ကြောင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ဒီကနေ့တင် မြို့နေရာအနှံ့အပြားတွင် ဖမ်းဆီးမှုများပြုလုပ်လာခဲ့ကာ ကယ်ရီဆွဲ၍ မိသားစုဝမ်းရေးဖြေရှင်းနေသူအများ ဒုက္ခများစွာကြုံတွေ့နေရသည်။

အဆိုပါ ဒုက္ခကြုံတွေ့နေရုံအပြင် ယခုအခါ ကျူးကျော်နေထိုင်သူများအား ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီးချိန်မှစတင်၍ (၃)ရက် အတွင်း ဖျက်ဆီး ဖြိုချ ပြောင်းရွေ့ပေးဖို့ ထပ်မံ၍ ရပ်ကွက်အများစုတွင် လိုက်လံကြေညာနေခဲ့ပြီး အခြေခံလူတန်းစားများနှင့် ရွေ့ပြောင်းလုပ်သားတို့ပေါ်များရာမြို့နယ်ဖြစ်သောကြောင့် ပြည်သူအများအိုးမဲ့ အိမ်မဲ့ ပြဿနာထပ်မံတွေ့ကြုံလာရပြီးလည်းဖြစ်ပါတယ်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းက လမ်းမကြီးများဘေးရှိ ကျူးကျော်နေထိုင်သူများကိုလည်း ၂၅ ရက်နေ့နောက်ဆုံးထား ဖြိုဖျက်ပေးဖို့စာထုတ်ပြန်ခဲ့ပြီး ယခုအခါ နေရာအနှံ့အပြားရှိ ကျူးကျော်နေထိုင်သူများကို ထပ်မံဖိအားပေးလာတာလည်းဖြစ်ပါသည်။

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၁


#လှိုင်သာယာ

#ကျူးကျော်

#HTY_Information

🏦ဗဟိုဘဏ်မှ ငွေကြေးဆုံးရှုံးများမဖြစ်ပေါ်နိုင်ကြောင်း ကြေညာချက်ပြန်ပြီး...

HTY Information 6 months ago

လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင်အနီး ရပ်ထားသော YBS 20 ယာဉ်ပေါ်တွင်...

HTY Information 1 month ago

အမေရိကန်အပါအဝင် ၄နိုင်ငံပူပေါင်းထားသော Quad အဖွဲ့ရဲ့ Malabar 21စစ်ဆင်ရ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်က စစ်တပ်အမာခံ ထင်ပေါ်ကျော်ကြားသူ လူမိုက်ကြီးခင်စိန်...

HTY Information 2 weeks ago

CNA/ CDF ထန်တလန်တပ်ဖွဲ့တို့ပူပေါင်း၍“လုံလဲရ်တပ်စခန်းအားတိုက်ခိုက်သိမ်း...

HTY Information 2 months ago