ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်အများစုတွင် ယမန်နေ့ကစတင်၍ မိမိနေအိမ်တွင် ဆိုင်ကယ်ရှိနေပါက စစ်ကောင်စီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများသို့ အထောက်ထားများနှင့်ပေးပို့ရမည်ဟု သိရသည်။
"အိမ်မှာ ဆိုင်ကယ်ရှိရင် ၊ ဆိုင်ကယ်ပုံ(၂)ပုံရယ် လူပုံ(၂)ပုံရယ် ပြီးတော့မှတ်ပုံတင် နေရပ်လိပ်စာအတိအကျနဲ့ ရုံးတွေမှာဖောင်းဖြည့်ရမယ်လို့ပြောတယ် တစ်ချို့အသိတွေရှိတဲ့ရပ်ကွက်မှာတော့ ရာအိမ်မှူး လမ်းမှူးတွေကပဲ စာရွက်ဖောင်ပုံစံ ကိုင်ပြီး လိုက်ကောက်တယ်ပြောတယ် ဘာအတွက်လည်းတော့ သေခြာမသိဖူး သေခြာတာတော့ တစ်ခုခုကြံနေပြီလို့ပဲတွေးမိပါတယ်ဟု" မြို့နေပြည်သူတစ်ဦးကဆိုသည်။
"ကျွန်တော်တို့ဆီမှာလည်း ကောက်တယ်ဗျ အထောက်အထားပေါ့နော် လိုင်စင်ရှိရင်ရှိတယ် မရှိရင်မရှိဖူးဖြည့်ရတယ် ဆိုင်ကယ်နဲ့လူပုံတွေလည်းရိုက်ပေးရမယ်ပြောတယ် ဘာလို့လဲမေးတော့ ရုံးကကောက်ခိုင်းလို့ပဲဖြေတယ်ဘာတွေမှန်းတော့မသိပါဘူး အခုဟာကပြည်သူတွေလည်း ကို့အိမ်မှာကိုယ်နေရပြီး အကျယ်ချုပ်ကျနေကြတာပါပဲ ဟိုဟာကန့်သတ်လိုက် ဒီဟာကန့်သတ်လိုက်နဲ့" ဟုတွေ့ကြုံခဲ့ရသူတစ်ဦးထပ်မံဆိုပါသည်။
လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်မှ စ၍ ပုံစံမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရသလို နေ့စဉ်နဲ့အမျှလည်း နေ့ညမပြတ် မထင်ရင်မထင်သလို ဖမ်းဆီးရိုက်နှက်ခံရမှုတွေလည်းရှိနေပါသည်။
ဒီ့အပြင် စက်မှုမြို့တော်ဟုခေါ်ကြသည့်အလား စက်ရုံ အလုပ်ရုံးများပြား၍ လက်လုပ်လက်စားအလွန်ပေါ်များလှပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာခဲ့ကာ အကျပ်အတည်းများစွာရင်ဆိုင်လာကြရပေမဲ့ MRTV နှင့် MWD မှာတော့ စည်းပင်ဝဖြိုးလျက်ရှိပါသည်။
လက်ရှိအနေအထားအရ ယခုလိုစစ်တမ်းကောက်ယူမှုအပေါ် ထင်မြင်ချက်မျိုးစုံထွက်ပေါ်နေခဲ့ပြီး လက်တလောအခြေအနေတွင် စာဝတ်နေရေးဖြေရှင်းရန်အတွက် ဆိုင်ကယ် ကယ်ရီစွဲခြင်း လုပ်ကိုင်နေသူများမှ စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိပြီး ယခုလိုလုပ်ရခြင်းအပေါ်တိကျသော ထုတ်ပြန်ချက်ကိုတော့ ဘယ်နေရာမှာမှမတွေ့ရှိရသေးပါဘူး။
ဩဂုတ်လ ၂၇ရက်၊ ၂၀၂၁
#လှိုင်သာယာ
#ဆိုင်ကယ်
#HTY_Information