ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်နဲ့ အမှတ် (၁)ရပ်ကွက်ကြား ပီမိုးနင်းလမ်းနှင့် တောင်ငူလမ်းထောင်တွင် ဒီကနေ့ ညနေပိုင်းက အုပ်စုဖွဲ့ ရမ်းကား လုယက်သူများကို ပစ်ခတ်ဖမ်းဆီးရာမှ လုယက်သူနှင့် လမ်းသွားလမ်းလာ တစ်ဦးပါ ထိမှန်သွားကြောင်း သိရှိရပါသည်။
ဒီကနေ့ ညနေ (၅:၄၅)ဝန်းကျင်အချိန်ခန့်က တောင်ငူလမ်းနှင့် ပီမိုးနင်းလမ်းထောင့် (ထွန်း ဆေးခန်း) ယခင် ယူနီဆက် နားတွင် အုပ်စုဖွဲ့ ရမ်းကားလုယက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပြီး လုယက်သူများထဲမှတစ်ဦးနှင့် စက်ဘီးစီးလာသူ လူငယ်တစ်ဦးကိုပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
" အဲ့နားက ခနခနလုနေတဲ့နေရာလို့ပြောလို့ရပါတယ် ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ တန်းတိုးတာလို့ပြောရမလိုပဲ အဲ့ဒါနဲ့ လုသွားတဲ့ကောင်ကို ပစ်ဖမ်းတာ အဲ့ကောင်ကော စစ်ဘီးစီးလာတဲ့ ကောင်လေးကောပါ ထိသွားတာ ပစ်တာက (၁)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကလို့ပြောတယ် မိသွားတော့ (၁၅)ရပ်ကွက်ကော (၁)ရပ်ကွက်ကပါ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရောက်လာကြတာ တွေ့ရတယ် လုတဲ့ကောင်တွေ အဖွဲ့လည်းမိသွားတယ်လို့ " ဒေသခံတွေကဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အား စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ " မြောက်ဒဂုံမှာ Idol ဇင်ကြီး ကိုပစ်သွားတဲ့အဖွဲ့ လှိုင်သာယာမှာ တစ်ဦးရင်ထိမှန် တစ်ဦးပေါင်ထိမှန်နဲ့ အရှင်ဖမ်းမိတယ် " လို့ ဂုဏ်ယူဝံ့ကြွားစွာဖော်ပြနေကြတာကို တွေ့ရှိရပြီး ထိမှန်သူနှစ်ဦးအနက် ပေါင်ထိမှန်သူဟာ လုယက်သူဖြစ်ပြီး ရင်ထိမှန်သူဟာ ပြည်သူသာဖြစ်ပါသည်။
ဇွန်လ ၇ ရက် ၊ ၂၀၂၂
#လှိုင်သာယာ
#လုယက်မှုပစ်ခတ်ဖမ်းဆီး
#HTY_Information