လှိုင်သာယာမြို့နယ်အတွင်း၊ ရပ်ကွက်အချို့တွင် အလံထောင်အကူအညီတောင်းခံမှုများကို ရပ်ကျေးများမှလိုက်လံဖြုတ်သိမ်းခိုင်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း ဆေးဝါးနှင့် အစားအစာများ အလံဖြူ၊ အလံဝါထောင်၍ အကူအညီတောင်းခံခြင်းများကို၊ ရပ်ကွက်အချို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံဖြုတ်သိမ်းရန် ခိုင်းစေနေကြကြောင်းသိရသည်။

HTY Information ( ဇူလိုင် ၂၅ )

" သူတို့တွေ အမှန်တကယ်အကူအညီလိုအပ်လို့ အခုလိုလုပ်ပြီး အကူအညီ တောင်းခံနေကြတာပါ။ သူတို့ ဘယ်လောက်ခက်ခဲနေလည်းဆိုတာ လာလှူတဲ့သူတွေ အကုန်သိမှာပါ။ အလံထောင်တာတွေ့ရင် မထောင်နဲ့လို့လာပြောပြီး၊ အလံထောင်ချင်ရင် ရပ်ကျေးခွင့်ပြုချက်ယူရမယ်တဲ့။ သူများမြို့နယ်တွေမှာ ဒီလိုပဲအကူအညီတောင်းနေကြတာ တွေ့နေရတာပါပဲ။ လှိုင်သာယာကြမှ ဘာလို့အဲ့လိုဖြစ်လဲတော့ မသိတော့ပါဘူး " ဟု မြို့နေပြည်သူတစ်ဦးမှ HTY Information သို့ ပြောသည်။


HTY Information အနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး စုံစမ်းမေးမြန်းကြည့်ခဲ့ရာ၊ ဤဖြစ်စဉ်သည် လှိုင်သာယာမြို့နယ်တွင်၊ အချို့သောရပ်ကွက်များ၌ အမှန်တကယ် ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ပြီး၊ အခြားမြို့နယ်များတွင် ယခုကဲ့သို့ တားဆီးပိတ်ပင်ခြင်းမျိုးရှိသည်ဟု ကြားသိရခြင်းတော့ မရှိသေးပါဘူး။

Covid-19 ကူးစက်မှု မြင့်တက်၍ LockDown ချခံထားရသော အချိန်အတွင်း “ပြည်သူများထံမှ ပြည်သူများသို့” ယခုကဲ့သို့ အလံထောင်၍ အကူအညီတောင်းခံခြင်းမျိုးသည် မြန်မာနိုင််ငံတစ်နိုင်ငံတည်းတွင်သာ မဟုတ်ပဲ၊ မလေးရှားနိုင်ငံအပါအဝင် အခြားသောနိုင်ငံ အချို့တွင်လည်း ကျင့်သုံးနေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ 

Covid တတိယလှိုင်းကို ဆိုးရွားစွာ ခံစားနေရပြီး ဒုက္ခရောက်နေသော မြန်မာနိုင်ငံတွင် ပြည်သူများအချင်းချင်း ယခုကဲ့သို့ အကူအညီတောင်းခံနေကြရသည်ကိုလည်း နိုင်ငံတကာသတင်းဌာနများမှ သိရှိနေကြပြီး ဖြစ်ပါသည်။ 

လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်း (၃) မြို့နယ်တွင် အထူးကြပ်မတ်စစ...

HTY Information 11 months ago

ပြည်သူများငြိမ်းချမ်းရေးအရသာခံစားသိရှိစေဖို့ကြိုးပမ်းခဲ့ပေမဲ့ ငြိမ်းချ...

HTY Information 3 months ago

စစ်ကောင်စီလက်အောက်ပညာသင်ကြားဖို့ ဆရာ ဆရာမ မလုံလောက်တဲ့အတွက် ပြန်လာကြဖိ...

HTY Information 2 months ago

မြောက်ဒဂုံရဲစခန်းအနီးနှင့် မင်္ဂလာဒုံ တပ်မတော်နို့ချက်စက်ရုံအနီးတို့တွ...

HTY Information 11 months ago

မုံရွာအခြေစိုက် စစ်ကောင်စီလေတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တို...

HTY Information 5 months ago