လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်း (၃) မြို့နယ်တွင် အထူးကြပ်မတ်စစ်ဆေးမည်ဟု စစ်ကောင်စီ ထုတ်ပြန်

Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်ဟု အကြောင်းပြကာ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်း (၃) မြို့နယ်တွင် အထူးကြပ်မတ်စစ်ဆေးမည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ အထူးကြပ်မတ်စစ်ဆေးမှုအား မြန်မာနိုင်ငံအနှံ့ မြို့နယ် (၄၉) မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၂၈) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပြီး ရန်ကုန်တွင် မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ ပါဝင်လာခြင်းကို တွေ့ရှိရပါသည်။

၎င်းအထူးကြပ်မတ်စစ်ဆေးဆေးမှု ထုတ်ပြန်စာတွင် Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်ဟု အကြောင်းပြထားပြီး လက်တွေ့တွင် လူ၊ မော်တော်ယာဉ်များအား မွှေနှောက်ရှာဖွေမှုများပြုလုပ်လျက်ရှိပြီး လှိုင်သာယာတွင် ယနေ့ ဩဂုတ်လ (၃၀) ရက်နေ့မှစ၍၊ မြို့နေရာအနှံအပြားတွင် လုံခြုံရေးတင်းကျပ်ထားပြီး နေရာအနှံ့စစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၁

#စစ်ဆေးမှု

#HTY_Information

လှိုင်သာယာ၊ ရွှေလင်ဗန်း ၂၃ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအိမ်ကို မြို့ပြပြေ...

HTY Information 1 week ago

တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင် အချို့သေနတ်ပစ်ခံရ

HTY Information 7 months ago

ပျောက်ကွယ်နေသောစစ်ဦးစီးချုပ်ပြန်ပေါ်လာပြီးနောက် ကမ္ဘာ့အသိအမှတ်မပြုသည့်...

HTY Information 6 months ago

အင်ဒိုနီးရှား၊ ဂျာဗားကျွန်းအနောက်ပိုင်းမှာ အကျဉ်းထောင်မီးလောင်မှုကြောင...

HTY Information 4 months ago

သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းမျာ...

HTY Information 3 months ago