လှိုင်သာယာမြို့နယ် ယနေ့မွန်းလွဲပိုင်း ဗုံး “၇” လုံးပေါက်ကွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ဒဏ်ရာရ

ဇွန်လ (၁၈) ရက် မွန်းလွှဲ (၂:၃၀) မှ၊ ညနေ (၃:၅၀) ဝန်းကျင်အတွင်း၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော၊ ဌာနဆိုင်ရာ ရုံးများတည်ရှိရာ ရုံးရှေ့မှတ်တိုင် နှင့် ၁၀၃ မှတ်တိုင်ကြား၊ ကျန်စစ်သားလမ်းမတွင် ဗုံး “၇” လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

မျက်မြင်အချို့နှင့် အနီးနားစုံစမ်းမှုအရ ကနဦး ရုံးရှေ့လမ်းဆုံအနီးတွင်စတင်ပေါက်ကွဲခဲ့ပြီး၊ City Mart အနီးတွင် ထပ်ဆင့်ပေါက်ကွဲခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ခဲ့စဉ်နှင့် ပေါက်ကွဲမှုများအပြီးတွင် လမ်းပိတ်တားဆီး စစ်ဆေးမှုများရှိခဲ့ကြောင်းလည်းသိရှိရပါသည်။

ဇွန်လ ၁၈ရက် ၊ ၂၀၂၁

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 10 months ago

စစ်တပ်၏အကြမ်းဖက်မှုများကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုတွင်၊ ပြည််သူ့နေ...

HTY Information 9 months ago

လှိုင်သာယာမြို့နယ်တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာ (၃)န...

HTY Information 8 months ago

UN အနေနဲ့ ဘာကြောင့် NUG ကို အသိအမှတ်ပြုပြီး၊ စစ်ကောင်စီကို ငြင်းပယ်သင်...

HTY Information 11 months ago

ရွှေဘို၊ ချီပါစုတွင် စစ်ကောင်စီသတင်းပေးဆိုသူအား ဆိုင်ကယ်မောင်းလာစဉ် ပစ...

HTY Information 11 months ago