လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Mai Yi Bei အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ပိတောက်လမ်း၊ ရွှေလင်ပန်းစက်မှုဇုံရှိ Mai Yi Bei (Yangon) Garment Manufacturing Co. Ltd သည် အော်ဒါပြတ်တောက်သွားခြင်းကြောင့် စက်ရုံအား ၂၀၂၁-ဇူလိုင် (၁) မှ ၂၀၂၂-မေ (၁) အထိ၊ (၁၀) လကြာ ယာယီပိတ်သိမ်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ အော်ဒါပြတ်တောက်ရခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် ဥရောပနှင့် အမေရိကန်မှ အော်ဒါများရုတ်သိမ်းလိုက်ခြင်း၊ ဖြတ်တောက်လိုက်ခြင်းကြောင့် ဖြစ်ကြောင့်လည်း ကြေငြာချက်တွင် ပါရှိပါသည်။

၎င်းစက်ရုံအား ၂၀၁၉ ခုနှစ်၌ ဖွင့်လှစ်ခဲ့ကြောင်းသိရပြီး (၁) နှစ်တာ ကာလအတွင်း ပြန်လည်ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိဝန်ထမ်း (၈၀၀) ဝန်းကျင်ဖြင့်လည်ပတ်နေသော အထည်ချုပ်စက်ရုံတစ်ရုံဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။

HTY Information

ဇွန်လ ၃၀ ၊ ၂၀၂၁

“နစ်နာကြေးပေးလို့ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေအားလုံး အလုပ်လက်မဲ့ ဖြစ်သွားရပီ.. ပြီးတော့ အခုအခြေအနေက ဘယ်မှာမှ လည်း အလုပ်ထပ်ရှာဖို့ မဖြစ်နိုင်ဘူးလေ” ဟု စက်ရုံဝန်ထမ်း တစ်ဦးမှ သူ၏ခံစားချက်နှင့် ပူပန်မှုအား HTY Information သို့ ပြောကြားခဲ့ပါသည်။

ယာယီပိတ်သိမ်းမှုအတွက် လက်ရှိဝန်ထမ်းများအား ဥပဒေစည်းမျဉ်းများနှင့်အညီ နစ်နာကြေးပေးချေမည့် အကြောင်းကို (၁) လကြိုတင်စာထုတ်ပြန်ခဲ့ပြိး၊ ယနေ့ ဇွန်လ (၃၀) ရက်နေ့တွင် နစ်နာကြေးများ ပေးခဲ့ကြောင်း စက်ရုံဝန်ထမ်းများမှ တဆင့်သိရပါသည်။

လွိုင်ကော်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် KNDF နှင့် ပြည်သူ့ကာကွယ်ရေး ပူး...

HTY Information 10 months ago

နိုင်ငံရေး စီးပွားရေးအကျပ်အတည်းတွေကြုံတွေနေရတဲ့ သီရိလင်္ကာနိုင်ငံကို လ...

HTY Information 1 month ago

သင်တန်းပြီးဆုံးသည်နှင့် သူနာပြုသင်တန်းသူ၊သင်တန်းသားများအား နိုင်ငံဝန်ထ...

HTY Information 9 months ago

သြဂုတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် က ၁၀၀ ကျော်သေဆုံးဟု KNU တ...

HTY Information 11 months ago

မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရသော ASEAN Summit ဒုတိယနေ့

HTY Information 9 months ago