ရန်ကုန်တိုင်း၊လှိုင်သာယာ (အနောက်ပိုင်းမြို့နယ်)၊ သမကုန်းမှတ်တိုင်အနီးရှိ ရွှေကမ်းသာယာအိမ်ရာအတွင်းက KBZဘဏ် မှာ ဒီကနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ဒီကနေ့ ဇွန်လ ၈ ရက် နံနက် (၈:၃၀)ဝန်းကျင်အချိန်ခန့်က KBZ ဘဏ်ဝင်ပေါက်နှင့် ATM စက် ကြားတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
အဆိုပါပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများ ရောက်ရှိခဲ့ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ (၁၀:၃၀) ဝန်းကျင်အချိန်ခန့်တွင် ပြန်လည်ထွက်သွားကြကြောင်း သိရှိရပါသည်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။
ဇွန်လ ၈ ရက် ၊ ၂၀၂၂
#လှိုင်သာယာ
#KBZဘဏ်ဗုံးပေါက်ကွဲမှု
#HTY_Information