HTY Information 11 months ago

လှိုင်သာယာမြို့နယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ၍သေဆုံးပြီး သေဆုံးမှုစစ်ဆေးစဉ် ဗုံးပေါက်ကွဲ၍ စကစ အရာရှိတစ်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှု့ဇုံရှိ ဗန်မော်အတွင်းဝန်လမ်းပေါ်တွင် ဒီကနေ့ နံနက် (၈:၀၀)ဝန်းကျင်အချိန်ခန့်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် အမှတ်(၂၀)ရပ်ကွက်၊ (အပိုင် 6) မင်းကျော်စွာ 7လမ်းနေ အုပ်ချုပ်ရေးမှူး (အဖွဲ့ဝင် 1) ဦးတင်မောင်ဝင်း ဖြစ်ကြောင်းသိရသည်။

၎င်းပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာ၍ ပစ်ခတ်မှုအား စစ်ဆေးစဉ် ဗုံး (၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

သေဆုံးသူသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သလို သတင်းပေးတစ်ဦးလည်းဖြစ်ပြီး ၎င်း၏သတင်းပေးမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိခဲ့ကြောင်း မြို့နေပြည်သူတစ်ဦးထံမှသိရပြီး သူဆုံးသူအား (ရွှေလင်ပန်းအခြေစိုက် ပုညပါရမီ လူမှုကူညီရေး ပရဟိတအဖွဲ့) ကားဖြင့် လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စတင်ဘာလ ၂ ရက်၊ ၂၀၂၁


#လှိုင်သာယာ

#ပစ်ခတ်မှု

#အုပ်ချုပ်ရေးအဖွဲ့ဝင် #သေဆုံး

#HTY_Information

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှပြည်သူ့အာဏာလုယူခဲ့သည်မှာ ရက်(၁၀၀)ပြည့်ခဲ...

HTY Information 1 year ago

ရန်ကုန်မြို့တွင်း စစ်တပ်ရဲ့ဗိုလ်ကြီးအပါအဝင် စစ်ကောင် စီသတင်းပေးတွေကို...

HTY Information 3 weeks ago

ပြည်တွင်းအလုပ်အကိုင်ရှားပါးလာသောကြောင့် ပြည်ပထွက်လိုသူများပြားလာခါ ရော...

HTY Information 5 months ago

ယနေ့တိုက်ပွဲတွင် PDF(Kalay)နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ “၃” ဦး လက်နက်...

HTY Information 10 months ago

တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင် အချို့သေနတ်ပစ်ခံရ

HTY Information 1 year ago