လှိုင်သာယာမြို့နယ် Lucky-7 KTV အားမွှေနှောက်၍ ဆိုင်ရှိပစ္စည်းများယူဆောင်ခါ အနီးနားရှိ မိသားစု ၃ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁) ၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ Lucky-7 KTV အား ယနေ့နံနက် (၁:၀၀)ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့များနှင့် ညောင်ရွာဥက္ကဋ္ဌတို့ပူပေါင်း စီးနင်းခဲ့ကြပြီး ဆိုင်အားမွှေနှောက်၍ ဘီယာဖာများ ၊ ဖုန်းနှင့် ဆိုင်တွင်းပစ္စည်းအချို့ယူဆောင်သွားကြပြီး အနီးနားရှိ မိသားစုဝင် (၃)ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

အလားတူ အမှတ် (၅)ရပ်ကွက် ၊ သီရိဇေယျာလမ်းနေ ပြည်သူ (၁)ဦး ၊ ရွှေလင်ပန်း (၂၃)ရပ်ကွက်၊ ခရေ (၇)လမ်းနေ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ (၃)ဦး နှင့် အမှတ် (၁)ရပ်ကွက် ပြည်သူ (၂)ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်းထပ်မံသိရှိရပါသည်။

ဇွန်လ ၂၈ ရက် ၊ ၂၀၂၁ 

ဖမ်းဆီးခံရသော မိသားစုဝင် (၃)ဦးသည် Lucky-7 KTV ၊ Mother land ဆိုင် အနီးကဟုသိရသည်။(၎င်းမိသားစုအားဘယ်သူဆိုတာစုံစမ်းဆဲဖြစ်သည်)

အခင်းဖြစ်ပွားခဲ့သော KTV အား(ခွင့်ပြုချက်မရှိဖွင့်လှစ်ခြင်းအတွက်) ချိတ်ပိတ်သွားခဲ့ပြီး ဆိုင်တွင်းရှိ အရက် ဘီယာများနှင့် ပစ္စည်းအချို့အားယူဆောင်သွား၍ ဝန်ထမ်းများကိုလည်း ရိုက်နှက်ခါ ဖုန်းများလည်းသိမ်းယူသွားကြောင်းဆက်လက်သိရှိရပါသည်။

လှိုင်သာယာ၊ အတွင်းပဒံကျေးရွာရှိ ကျူးကျော်များအား ၅ သိန်းပေးပြီး တစ်ပတ်...

HTY Information 1 year ago

ရွှေလင်ပန်းအမှတ်(၂၃)ရပ်ကွက် ရွှေစံပယ်(၃)လမ်းတွင် နေအိမ်များ ထပ်မံဖျက်ဆ...

HTY Information 1 year ago

မန္တလေးတွင် မြရည်နန္ဒာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေနတ...

HTY Information 10 months ago

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုခဲ့တာကြောင့် ဗြိတ...

HTY Information 1 month ago

ပြည်ပ ရန်လိုမှုများအား ရင်ဆိုင်လာရပါက ပိုမိုပူးပေါင်းဆောင်ရွက်ရေး မြော...

HTY Information 1 year ago