HTY Information 11 months ago

လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခံရ၍ ၁ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားပေါ်တွင် ဒီကနေ့ နံနက် (၈:၀၀)ဝန်းကျင်ခန့်က လုံခြုံရေးယူထား စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်မှုဖြစ်၍ (၁)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်းသိရသည်။

" ပစ်တာက အပြန်အလှန်ပစ်တာမျိုးတော့မဟုတ်ဖူး အငိုက်မိသွားတဲ့ပုံပဲ ကားတစ်စီးနဲ့လာပစ်သွားတာ ရဲတွေ လဲကျသွားတာတော့တွေ့တယ် လာပစ်တဲ့ကားက ပစ်ပြီးမောင်းသွားတာ ခနကြားတော့ ပစ်ခတ်သံထပ်ကြားရတယ်" ဟုမျက်မြင်တွေ့ရှိသူက HTY Info သို့ပြောသည်။

၎င်းတံတားအဆင်းတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းတစ်ခုရှိပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် အဆိုပါ တပ်ဖွဲ့ဝင်အမြောက်အများရောက်ရှိလာပြီး လမ်းပိတ်၍ ပစ်ခတ်ခံရသော စစ်ကောင်စီအဖွဲ့ဝင်များကို အရေးပေါ်ကားဖြင့်တင်ဆောင်သွားခဲ့ကြောင်း အနီးနားရှိနေသူကဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် လက်တလောအချိန်ထိ တံတားတွင် ပိတ်ဆို့စစ်ဆေးမှုအချို့ရှိနေပြီး ရန်ကုန်မြို့နေရာအချို့တွင်လည်း စစ်ဆေးမှုများပြုလုပ်နေကြကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများကိုအကူအညီပေးလိုပါက ယခုစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၁

#လှိုင်သာယာ

#ဘုရင့်နောင်တံတားပစ်ခတ်မှု

#HTY_Information

တိုင်းရင်းသား လက်နက်ကိုင်များတည်ရှိရာနေမြေများသို့ စစ်ကောင်စီမှ အင်အား...

HTY Information 11 months ago

ရန်ကုန်မြို့တွင်း စစ်တပ်ရဲ့ဗိုလ်ကြီးအပါအဝင် စစ်ကောင် စီသတင်းပေးတွေကို...

HTY Information 4 weeks ago

e-ID စနစ်ဖြင့် မှတ်ပုံတင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော...

HTY Information 11 months ago

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသောကြောင့်...

HTY Information 11 months ago

CNA/ CDF ထန်တလန်တပ်ဖွဲ့တို့ပူပေါင်း၍“လုံလဲရ်တပ်စခန်းအားတိုက်ခိုက်သိမ်း...

HTY Information 11 months ago