🏭လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်မှ ဝန်ထမ်း၂၀၀၀ ခန့်ရှိ Harvey Handbags အိတ်စက်ရုံ ယာယီပိတ်သိမ်း

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Harvey Handbags Company Limited အိတ်စက်ရုံသည် အော်ဒါအခက်အခဲနှင့် သင်္ဘောလိုင်းအခက်အခဲများကြောင့် ယာယီပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သော ၎င်းအိတ်စက်ရုံသည် လက်ရှိတွင် ဝန်ထမ်း (၂,၀၀၀) ဝန်းကျင်ဖြင့် လည်ပတ်နေခြင်း ဖြစ်ပါသည်။
စက်ရုံယာယီပိတ်သိမ်းရခြင်းအတွက် နစ်နာကြေးအဖြစ် ဝန်ထမ်းများ၏ နောက်ဆုံးလစာတွင် - 

  • အခြေခံလစာ  
  • ရက်မှန်ကြေးတစ်ဝက်  
  • ရာထူးကြေး / ကျွမ်းကျင်ကြေး / စက်ပြင်ကြေး တစ်ဝက် 
  • Service Bonus အပြည့် 

ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

HTY Information 

ဇွန်လ (၃၀) ရက်

ဝန်ထမ်းများနှင့် သဘောတူညီချက်အရ နစ်နာကြေးများကို ဇူလိုင်လ (၉) ရက်နေ့တွင် ပေးချေမည်ဖြစ်ပြီး၊ နို့တစ်ကြေးတစ်လစာအား ရာထူးကြီးငယ်မရွေး ၁၄၄,၀၀၀ (တစ်သိန်းလေးသောင်းလေးထောင်) နှုန်းဖြင့်သတ်မှတ်ပေးချေသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါသည်။ 

ထို့အပြင် လုပ်သက်ခွင့် လက်ကျန်များအတွက်လည်း တစ်ရက်လျှင် ၄,၈၀၀ နှုန်းဖြင့် ပေးသွားမည်ဖြစ်ပြီး၊ နောင်တွင် စက်ရုံပြန်လည်ဖွင့်လှစ်ပါက ဝန်ထမ်းဟောင်းများကို ဦးစားပေးခေါ်ယူရန် စီစဉ်ထားသောကြောင့် ဝန်ထမ်းများဘက်မှလည်း ဆက်သွယ်ရန် ဖုန်းနံပါတ်များကို စက်ရုံသို့ အသိပေးထားရန် သဘောတူကြကြောင်းလည်း ကြေငြာချက်တွင် အသေးစိတ် ရေးသားထားပါသည်။

စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ချိန်မှစ၍ စက်ရုံအလုပ်ရုံကြီးများအပါအဝင် အသေးစား၊ အလတ်စား ကိုယ်ပိုင်လုပ်ငန်း အမြောက်အများမှာလည်း တစ်နေ့ထက်တစ်နေ့ ရပ်တည်နိုင်ရန် ခက်ခဲလာခြင်းကြောင့် လုပ်ငန်းပိတ်သိမ်းမှုများ ပိုမိုများပြားလာနေပါသည်။ 

#ဓာတ်ပုံ_ပုံဟောင်း

လှိုင်သာယာမြို့နယ်အတွင်းရှိ Likes View Tex Garment Co.Ltd က စက်ရုံအလုပ...

HTY Information 6 months ago

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူ စစ်မှုထမ်းဟောင်းနှစ်ဦး သေန...

HTY Information 10 months ago

ဆူဒန်တွင် စစ်တပ်မှအာဏာသိမ်းပြီး တစ်ရက်အတွင်း ဆန္ဒပြသူ “၇” ဦးသေ၍၊ ၁၄၀ က...

HTY Information 9 months ago

R2P အစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား အစည်းအဝေးခေါ်ယူမှုအပေါ...

HTY Information 10 months ago

တာလီဘန်များမှ ပြန်ပေးသမား ၄ ဦးအားပစ်သတ်ပြီးနောက် အလောင်းများအား မြို့လ...

HTY Information 10 months ago