HTY Information 2 months ago

လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက်က ရဲအင်ဖော်မာ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀)ရပ်ကွက် ဝေပုလ္လ (၂) လမ်းတွင် ဒီကနေ့ နံနက် (၇:၃၀)ဝန်း ကျင်အချိန်ခန့်က ရဲအင်ဖော်မာတစ်ဦးဖြစ်သလို အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သူတစ်ဦး ပစ်ခတ်ခံရတယ်လို့သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ဝင်းဇော် ဆိုသူဖြစ်ပြီး ရပ်ကွက်ထဲ ဒလန် လို့သတင်းကြီး ကျော်ကြားနေသူလည်းဖြစ်တယ်လို့ ဒေသခံများကဆိုပါတယ်။

"သူကဟိုးအရင်ထဲက ရဲနောက်လိုက် ရဲအင်ဖော်မာပေါ့ အခုက ဆယ်အိမ်မှူးလိုလို ရာအိမ်မှူးလိုလိုပဲ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်းရှိတယ် ပစ်ခတ်ရတာ (၃)လို့တော့ ပြောကြတယ် အခြေအနေတော့မကောင်းနိုင်ဖူး" လို့ဒေသခံတစ်ဦးက ဆိုပါသည်။

၎င်းပစ်ခတ်မှုနဲ့ပတ်သတ်ပြီး မည်သည်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်းမသိရှိရသေးသလို ပစ်ခတ်ခံရပြီးနောက် စစ်တပ် ရဲနဲ့ လူမိုက်လိုလိုကောင်တွေ ရောက်လာကြတယ်လို့ စုံစမ်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၉ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#ဝင်းဇော်ပစ်ခတ်ခံရ

#HTY_Information

လူနေကွန်ဒိုထိ ရည်ရွယ်ချက်ရှိရှိ ဗုံးဖောက်ခွဲမှုကြောင့် ညစောင့်လုံခြုံရ...

HTY Information 11 months ago

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသ...

HTY Information 6 months ago

ASEAN အထူးသံတမန် ၎င်းတို့လိုချင်သူကို မရသဖြင့်၊ ရတဲ့သူကို လက်ခံကြောင်း...

HTY Information 1 year ago

တရုတ်နိုင်ငံထုတ် SINOPHARM ကိုအမည်ပြောင်းထားပြီး MYANCOPHARM အမည်ရ Cov...

HTY Information 4 months ago

ဒီပဲယင်း ကျခတ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကား (၃)စီး မိုင်းဆွဲတိုက်...

HTY Information 11 months ago