လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်ဖြစ်သူတို့ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ယာ ဈေးလေးမှတ်တိုင်အနီးမှာ ဒီကနေ့ ဇူလိုင်လ (၁၈) ရက် ည (၉:၃၀) အချိန်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ၎င်းရဲ့နောက်လိုက်ဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ပစ်ခတ်ခံရသူမှာ လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် ရွှေဆိုင်ပိုင်ရှင် အုပ်ချုပ်ရေးမှူး ကျော်စိုးထွန်း ဆိုသူနဲ့ ၎င်းရဲ့နောက်လိုက်ဖြစ်သူ ဖိုးထူး ဆိုသူတို့ဖြစ်တယ်လို့ သိရှိရပါသည်။

" ပစ်ခံရတာက ဈေးလေးမှတ်တိုင်အနီး ထင်ကျော်လင်း လက်ဖက်ရည်ဆိုင်နားမှာ ပစ်ခံရတာ ပစ်ခံရတဲ့ရပ်ကွက်က သူအုပ်ကြီးလုပ်နေတဲ့ ရပ်ကွက်ပါပဲ အုပ်ကြီးဖြစ်မှ ရွှေဆိုင်ပိုင်ရှင်ပါဖြစ်သွားတာ အဲ့လူက ရပ်ကွက်ထဲလည်း အသေမွှေတဲ့ အုပ်ကြီး တစ်ဦးဖြစ်တယ်လို့ " ဒေသခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး လှိုင်သာယာမြို့အနှံ့ ပိတ်ဆို့ စစ်ဆေးနေပြီး သေ နတ်ပစ်ဖောက်သံတွေနဲ့ လှိုင်သာယာမြို့အနှံ့အစစ်အ ဆေး တင်းကျပ်ထားတယ်လို့ သိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇူလိုင် ၁၈ ရက် ၊ ၂၀၂၂


#လှိုင်သာယာ

#၆ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

#HTY_Information

ရွှေလင်ပန်းအမှတ်(၂၃)ရပ်ကွက် ရွှေစံပယ်(၃)လမ်းတွင် နေအိမ်များ ထပ်မံဖျက်ဆ...

HTY Information 1 year ago

တုတ်ပြီး ဓါးပြီးဆေးထိုးထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ကော့မ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ...

HTY Information 11 months ago

လှိုင်သာယာမြို့နယ်တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာ (၃)န...

HTY Information 8 months ago

ရန်ကုန်မြို့တွင် လက်ဖက်ရည်ထိုင်သောက်နေသော အုပ်ချုပ်ရေးမှူး (၂)ဦး တစ်ရက...

HTY Information 8 months ago