လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် ရာအိမ်မှူးအား သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

HTY Information

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် (၁၉)ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးမောင်ထွန်းအား ယနေ့ ဇွန်လ (၁၈) ရက် နံနက်ပိုင်းအချိန်တွင် သေနတ်ဖြင့် ဖြစ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး HTY Information အနေဖြင့် နံနက်ပိုင်း အချိန်ကတည်းက စုံစမ်းမှုများ အဆက်မပြတ်ပြုလုပ်ခဲ့သော်လည်း၊ ပစ်ခတ်မှုကြောင့် ထိခိုက်မှုမရှိဟုသာ လတ်တလော သိရှိထားရပါသေးသည်။

"ပစ်တာက ဦးချစ်မောင်လမ်းမှာဖြစ်သွားတာ။ ရာအိမ်မှူးကိုမထိသွားဘူး လို့လည်းကြားတယ်။ သေနတ်နဲ့ပစ်တာ မထိဖူးဆိုတော့ ရီတော့ရီစရာပေါ့။ အဲ့ပတ်ဝန်းကျင်ကို အစစ်အဆေးတွေအရမ်းလုပ်နေတော့ သေချာတော့မသိရသေးဘူး " ဟု အမည်မဖော်လိုသူတစ်ဦးက HTY Information သို့ပြောသည်။

လက်ရှိအနေအထားအရ ထိခိုက်မှုအသေးစိတ်ကို အတည်မပြုနိုင်သေးပါ။ နယ်မြေတင်းကျပ်စွာ စစ်ဆေးမှုများ အမှန်တကယ်ဖြစ်ပေါ်နေခြင်းကြောင့် မြို့နေပြည်သူအများ သတိပြုသွားလာကြစေရန် အသိပေးတင်ပြအပ်ပါသည်။

#ဓာတ်ပုံ_ပုံအဟောင်း

#HTY_Information

ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင...

HTY Information 9 months ago

တရုတ်တွင် ကျောက်မီးသွေးထုတ်လုပ်သည့်ပြည်နယ် ရေကြီးမှုကြောငိ့ ၂၈ ဦးသေဆုံ...

HTY Information 10 months ago

လှိုင်သာယာမြို့နယ်အပါအဝင် နေရာဒေသအများစုတွင် EPC ဝန်ထမ်းများဦးဆောင်၍ အ...

HTY Information 9 months ago

ကုလသမဂ္ဂကပေးမယ့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးသုံးသန်း မြောက်ကိုရီးယား လက်...

HTY Information 11 months ago

လားရှိုးမြို့ ကြံ့ခိုင်ရေးရုံးရှေ့အပါအဝင် လားရှိုးမြို့တွင်း တစ်ရက်ထဲ...

HTY Information 1 year ago