လှိုင်သာယာမြို့နယ် အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး သေနတ်ပစ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ် ၊ အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးသည် ယနေ့ ဇွန်လ (၁၆) ရက်၊ နံနက် (၉:၄၀) ဝန်းကျင်ခန့်က ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်ခံရ၍ ပင်လုံဈေးမှတ်တိုင် အနီးတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။

ယခင် မေလ (၂)ရက်နေ့ကလည်း ၎င်းအုပ်ချုပ်ရေးမှူး၏နေအိမ် ယုဝတီပရိဘောဂဆိုင်အား လက်လုပ်ဗုံးအပစ်ခံခဲ့ရပြီး အထိအခိုက်မရှိခဲ့ပါ။ ယခုအခါမှာတော့ သေနတ်ပစ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

ယင်း သေဆုံးမှုနှင့်ပတ်သက်ပြီး လှိုင်သာယာမြို့နယ်တွင်း စစ်ကောင်စီတပ်ဖွဲ့များမှ မြို့ဝင်မြို့ထွက် နှင့် မြို့တွင်းနေရာအနှံ့အပြားတွင် တားဆီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိပါသည်။

ဇွန်လ ၁၆ရက် ၊ ၂၀၂၁

မင်းတပ်၊ ပလိပ်ထွီရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ် တ...

HTY Information 11 months ago

အာဏာသိမ်းစစ်ကောင်စီလက်ထက် ကမောက်ကမဖွင့်လှစ်ခဲ့သောစာသင်ကျောင်းများ(၃)လက...

HTY Information 9 months ago

ပညာသင်ရွယ်ကျောင်းသားများပညာရေးလမ်းကြောင်းပေါ်လျှောက်လမ်းမှသာနိုင်ငံရဲ့...

HTY Information 10 months ago

စမတ်ကဒ်ရထားပြီးသား ကျူးကျော်နေအိမ်များကို အနိုင်ကျင့်ဖျက်ခိုင်းပြီးနော...

HTY Information 4 months ago

ဆူဒန်တွင် စစ်တပ်မှအာဏာသိမ်းပြီး တစ်ရက်အတွင်း ဆန္ဒပြသူ “၇” ဦးသေ၍၊ ၁၄၀ က...

HTY Information 9 months ago