ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀)ရပ်ကွက် ၈၆ ဂိတ်ဟောင်းအနီး အနော်ရထာလမ်းမကြီးတွင် ဒီကနေ့ ညနေ (၆:၂၅)ဝန်းကျင်ခန့်က လူငယ် (၂)ဦးအား ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
" ပစ်သံ ၄ ချက်လောက်ကြားလိုက်ရတယ် လူလည်းရုတ်ရုတ်ဖြစ်သွားလိုက်သေးတယ် ပြီးမှ အရပ်ဝတ် လက်နက်တွေကိုင်ထားတာတွေ့တာ ယူနီဖောင်းတွေမဝတ်ထားဖူး အရပ်ဝတ်တွေနဲ့ပစ်ဖမ်းတာ လူငယ် (၂)ယောက်ကိုဖမ်းတာပါ တစ်ယောက်တော့ ထိသွားတယ်ကြားတယ် (၂)ယောက်လုံးမိသွားတယ် ဘာလို့ဖမ်းတယ်ဆိုတာတော့မသိဖူး "ဟု ပြည်သူတစ်ဦးကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပစ်ခတ်ဖမ်းဆီးရခြင်းအကြောင်းအရင်းကိုတော့ ယခုထိစုံစမ်းမသိရှိရသေးပါဘူး။
ဩဂုတ်လစတင်ချိန်မှစ၍ လှိုင်သာယာမြို့နယ်တွင်းမကြာခဏဆိုသလိုပစ်ခတ်သံများထွက်ပေါ်နေခဲ့ပြီး နေ့ညမပြတ်ဖမ်းဆီးမှုတွေလည်း ပို၍ရှိလာခဲ့ပါသည်။
ဩဂုတ်လ ၂၈ရက်၊ ၂၀၂၁
#လှိုင်သာယာ #ပစ်ခတ်
#ဓာတ်ပုံ_ပုံဟောင်းသုံးထားသည်
#HTY_Information