ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ညောင်တုန်းလမ်းမကြီးပေါ်တွင် ဒီကနေ့ ည (၇:၃၀)ဝန်းကျင်က အသံကျယ်လောင်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သော အနီးနားဝန်းကျင်မှ လူနှစ်ဦးရိုက်နှက်ဖမ်းဆီးခံထားရကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ CGF HTY မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားခဲ့ပြီး မပေါက်ကွဲသေးသော ဗုံးများကိုပါ သတင်းပေးပို့ခဲ့သည်ဟု ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့်ဖော်ပြထားပါသည်။
အထက်ပါ ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်မှအကြောင်းမဲ့ဖမ်းဆီးခံထားရသူအားမလွှတ်ပေးသေးသလို ထိခိုက်မှု အသေးစိတ်ကိုလည်း မသိရှိရသေးပါဘူး။ လက်ရှိအနေအထားအရ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ညောင်တုန်းလမ်းမအား ခေတ္တယာယီပိတ်ထားပြီး လမ်းလွှဲမှမောင်းနှင်ခွင့်ပြုထားပါသည်။
၎င်းမြို့မရဲစခန်းအနီးတွင် ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စခန်းရှေ့ရှိသော ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပါသေးသည်။
ဩဂုတ်လ ၃၀ရက်၊ ၂၀၂၁
#လှိုင်သာယာ
#ဗုံးပေါက်ကွဲ
#HTY_Information