ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အဝင် အောင်ဇေယျ (ကြိုးတံတား)အဆင်းတွင် လောင်စာဆီ တင်ယာဉ်တစ်စီး ဒီကနေ့ ည(၆:၁၀)မိနစ်ဝန်းကျင်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းယာဉ်သည် အင်းစိန်ဘက်မှ လှိုင်သာယာဘက်သို့ မောင်းနှင်လာခဲ့ပြီး တံတားအဆင်းတွင် ကားဘီးကျွတ်ထွက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတို့၏ပြောကြားချက်အရသိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတစ်ဦး ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် တစ်ဦးကတော့ အထိအခိုက်မရှိခဲ့ကြောင်းသိရှိရပါသည်။
ဩဂုတ်လ ၂၆ရက်၊ ၂၀၂၁
#လှိုင်သာယာ
#ယာဉ်တိမ်းမှောက်
#HTY_Information