လှိုင်သာယာ၊ အတွင်းပဒံကျေးရွာရှိ ကျူးကျော်များအား ၅ သိန်းပေးပြီး တစ်ပတ်အတွင်း ရွှေ့ပြောင်းမိန့်ထုတ်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး(အနော်ရထာလမ်းနှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်အဝင်လမ်းကြားအပိုင်း)တွင်၊ နေထိုင်ကြသော ကျူးကျော်အိမ်များအား ယနေမှစ၍၊ တစ်ပတ်အတွင်း ရွှေ့ပြောင်းပေးရန် လှိုင်သာယာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ယနေ့ ဇွန်လ (၁၀) ရက်နေ့တွင် စာထုတ်ပြန်ခဲ့သည်။

HTY Information၊ ဇူလိုင် (၁၀) ရက်

ထုတ်ပြန်သော စာအရ ဖော်ပြပါနေရာတွင် “မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်မည့် စီမံကိန်းအား အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရန်ရှိပါသဖြင့် ဇူလိုင် (၁၆) ရက် နောက်ဆုံးထား၍ ဖယ်ရှားပြောင်းရွှေ့ပေးရန်” အမိန့်ပေးထားကြောင်း တွေ့ရသည်။

ယခုကဲ့သို့ Covid-19 ရောဂါကူးစက်ပြန့်ပွါး၍ ပြည်သူအများ ကျန်းမာရေးအတွက် ပိုမိုအလေးထား ဂရုစိုက်သင့်သောအချိန်တွင်၊ “တစ်ပတ်အတွင်း ဖျက်သိမ်းရွှေ့ပြောင်း” ခိုင်းသည့်အပေါ် နစ်နာကြေးအနေဖြင့် ၅ သိန်းကို ထုတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ အဆိုပါ ၅ သိန်းမှာလည်း ဧည့်စာရင်းရှိသူများသာ ရရှိခြင်းဖြစ်ကြောင်း HTY Information ၏ သီးခြားစုံစမ်းမှုအရ သိရပါသည်။

အကယ်၍ ဇူလိုင် (၁၆) နောက်ဆုံးထား၍ ရွှေ့ပြောင်းမပေးပါက တည်ဆဲဥပဒေနှင့်အညီ “ဖယ်ရှားသိမ်းဆည်းရှင်းလင်း” သွားမည်ဟု အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ဓာတ်ပုံ အဟောင်း ကူးယူအသုံးပြုထားပါသည်။

~~~~~~~~~~~~~~~~~~~~~~~~

အမှီအခိုကင်းသည့် ကျွန်တော်တို့ HTY Information ၏ ရေရှည်ရပ်တည်မှုအတွက်တစ်ဖက်တစ်လမ်းမှ ကူညီပေးချင်ခဲ့ပါက Telegram Message @htyinfo (သို့မဟုတ်) Page Cb မှနေ၍ အကူအညီပေးပို့နိုင်ပါသည်။💌💌💌

ကိုဇေယျာသော်နှင့် ကိုဂျင်မီ တို့နေအိမ်များ ဆူပူသောင်းကြမ်းမှုတွင် လှို...

HTY Information 2 weeks ago

လေဆိပ်အသေခံဗုံးခွဲမှု စီစဉ်သူ ၁ ဦးကို ဒရုန်းဖြင့်ပစ်ခတ်နှိမ်နှင်းပြီးန...

HTY Information 11 months ago

NUG၊ CRPH၊ PDF များအား နေအိမ်တိုက်ခန်းများငှားရမ်းနေထိုင်ခွင့်ပြုသည်ကိ...

HTY Information 11 months ago

မုံးကိုးဒေသတွင်းတိုက်ပွဲပြင်းထန်နေ၍ စစ်ဘေးရှောင်မြန်မာပြည်သူများ နယ်ခြ...

HTY Information 10 months ago

လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ပြည်သူများ၏...

HTY Information 3 months ago