HTY Information 2 months ago

လှိုင်သာယာ (၅) ရပ်ကွက် ဗုံးပေါက်ကွဲမှု လူ (၃)ဦး ထိမှန် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ နဝရတ်လမ်းမှာ ဒီကနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု (၂) ကြိမ် ဖြစ်ပွားခဲ့ပြီ လူ (၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းတဲ့အခါမှာတော့ " မနက် အစောပိုင်း (၆:၀၀) ဝန်းကျင်လောက်မှာ ပေါက်ကွဲသံစကြားရတယ် ထ (၄)ကျောင်းနားလောက်က အသံကလာတာပေါ့နော် အဲ့ဒါနဲ့ ကျောင်းမှာပေါက်တယ်ပဲထင်လိုက်တာ နောက်နည်းနည်းကြားတော့မှ နဝရတ်လမ်းမှာပေါက်မှန်းသိတာ ပေါက်ပြီး စစ်တပ်ရောက်လာတယ် သူတို့ရောက်ပြီး (၇:၁၅)လောက်မှာ အမှိုက်ပုံးထဲကနေ နောက်တစ်လုံးထပ်ပေါက်တယ် အဲ့မှာ ထွက်ကြည့်တဲ့ သားအမိနှစ်ယောက်ထိသွားတယ် အဲ့လမ်းက ဘယ်သူဘာညာရှိတယ်တော့မကြားဖူး အနီးစပ်ဆုံးဆို ရပ်ကွက်ရာအိမ်မှူးရဲ့ အဆောင်ပဲရှိမယ် ဒါကလည်း လူနေဆောင် ဘာလို့ပေါက်တယ်ဆိုတာတော့ မပြောတတ်ဘူး " လို့ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။

၎င်းဒုတိယအကြိမ်ဗုံးပေါက်ကွဲမှုကြောင့် နဝရတ်လမ်းနေ ဒေါ်ကလျာရှိန်နဲ့ သမီးဖြစ်သူ မမေသူအောင်တို့ပေါက်ကွဲမှုထွက်ကြည့်ရမှ လွင့်စင်ထိမှန်ပြီး ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကာ ပထမအကြိမ်ပေါက်ကွဲမှုတွင်လည်း လမ်းသွားလမ်းလာအမျိုးသားတစ်ဦးထိမှန်ခဲ့တယ်လို့ သိရှိရပါသည်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းကသိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


ဇွန်လ ၇ ရက် ၊ ၂၀၂၂


#လှိုင်သာယာဗုံးပေါက်ကွဲမှု

#၅ရပ်ကွက်

#HTY_Information

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ရ...

HTY Information 11 months ago

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဝင်မစွက်ဖက်ဖို့ တရုတ်သတိပေး

HTY Information 1 year ago

ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအတွင်း စကစ တပ်စခန်း (၃) ခုအား ​KIA ဝင်တိုက်၊...

HTY Information 1 year ago

ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးခြိမ်းခြောက်ခံရ၊ အမေရိကန်မှ သ...

HTY Information 1 year ago

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ “လုံးဝ လက်ခံနိုင်စရာ မရှိ” ဟု အမေရိကန်ကာကွယ...

HTY Information 1 year ago