ကိုဇေယျာသော်နှင့် ကိုဂျင်မီ တို့နေအိမ်များ ဆူပူသောင်းကြမ်းမှုတွင် လှိုင်သာယာအုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ ထန်းတပင်ကျေးရွာများမှ စစ်တပ်ထောက်ခံသူများပါဝင်နေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်များမှာရှိသော စစ်ကောင်စီရဲ့ ကွပ်မျက်ခြင်းခံရတဲ့ ကိုဇေယျာသော်၊ ကိုဂျင်မီ တို့ရဲ့ နေအိမ်များကို ဒီကနေ့ နေလယ်ပိုင်းက အရပ်ဝတ်လူတစ်စု လာရောက် ဆူပူသောင်းကြမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆို သွားရောက်ဆူပူသောင်းကြမ်းသူများရဲ့ ရုပ်သံမှတ်တမ်းများမှတစ်ဆင့် လှိုင်သာယာမြို့နယ် အစွန်အ ဖျားဘက်တွေမှာရှိတဲ့ ကျေးရွာတွေနဲ့ ထန်းတပင်မြို့နယ် ကျေးရွာများဘက်မှ စစ်တပ်ထောက်ခံသူ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တွေကိုလည်း တွေ့ရှိရပါသည်။

HTY Info ရဲ့ အဆင့်ဆင့်စုံစမ်းဖော်ထုတ်မှုတွေအရ ယခုပုံမှာပါရှိသူသည် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့နောက်လိုက်ဖြစ်သော " မြင့်သူ " အားတွေ့ရပြီး ခိုင်လုံတဲ့သတင်း အရင်းအမြစ်တွေအရ အများစုမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ရိုးကြီး/ရိုးလေး၊ ဒိတ်ကုန်း၊ ပေါက်တန်း၊ ရေးတွင်းကုန်းကျေးရွာအပါအဝင်၊ ဝါးတရာကျေးရွာများဘက်မှ တစ်ရွာ (၃)ဦး နှုန်းဖြင့် နံနက် (၇:၀၀)မှာ လာရောက်ခေါ်ဆောင်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဒါပြင်အဆိုပါ ဆူပူသောင်းကြမ်းနေသူများထဲ တူချောင်း၊ ထိန်ကုန်း၊ ကုန်းတလိကျေးရွာများမှ ရဲသတင်းပေးများလည်းပါဝင်နေတာတွေ့ရပါတယ်လို့ ရွာခံတွေက ပုံနဲ့တကွ လာရောက်သတင်းပေးပို့ကြတယ်။

ယခုလို ဆူပူသောင်းကြမ်းခဲ့ကြသူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာမျိုးမလုပ်တဲ့အပြင် စစ်ဆေးတာမျိုးလည်း ယခုထိမကြားသိရသေးပါဘူး။

ဇူလိုင်လ ၂၇ ရက် ၊ ၂၀၂၂ 


#ရန်ကုန်မြို့

#ဆူပူသောင်းကြမ်းသူများ

#HTY_Information

ပစ္စည်းယူသည့်အပြင် ခရီးသည်အား အုပ်စုဖွဲ့ရိုက်နှက်ထိုးကျိတ်သည်အထိဖြစ်လာ...

HTY Information 1 month ago

ဇန်နဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီမှ လေကြောင်းသုံးတိုက်ခိုက်မှု ၁၉ က...

HTY Information 6 months ago

ရပ်ကွက်ရုံးရှေ့ ဖြတ်လျှောက်မိသူအား ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ကင်းသမား ၇...

HTY Information 11 months ago

ဒီပဲယင်း ကျခတ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကား (၃)စီး မိုင်းဆွဲတိုက်...

HTY Information 11 months ago

ထီးချိုင့်မြို့တွင် KIA နှင့် PDF တို့ပူပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတ...

HTY Information 1 year ago