ကိုဗစ်အတွက် အကူအညီရရန် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတကာကို အကူအညီတောင်းထားဟုဆို

အကြမ်းဖက်စစ်ကောင်စီမှ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်ရန်အတွက် ASEAN နှင့် “ခင်မင်စရာကောင်းသော နိုင်ငံများ” မှ အကူအညီများရရှိစေရန် စီမံဆောင်ရွက်နေပြီ ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် Global New Light of Myanmar သတင်းဌာန မှ ယနေ့ ဖော်ပြခဲ့ပါသည်။

HTY Information (ဇူလိုင် ၂၈ ရက်)

အဆိုပါ သတင်းအပေါ်တွင် “Friendly Countries” ( “ခင်မင်စရာကောင်းသော နိုင်ငံများ”) ဟူသော အသုံးအနှုန်းနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များမပါပဲ စစ်ကောင်စီ၏ဝါဒဖြန့် သတင်းဌာနမှ ဖော်ပြထားခြင်းဟု နိုင်ငံတကာသတင်းဌာနများမှ ရေးသားထားတင်ပြနေကြပြီ ဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်သူများနေအိမ်များ၌ ဆေးကုသခွင့်မရပဲ သေဆုံးနေရခြင်း၊ ပရဟိတသမားများမှ သေဆုံးသူများကို အိမ်များမှသယ်ပေးနေရကြောင်း၊ သုဿန်များတွင်လည်း အလောင်းများပုံနေကြောင်းနှင့် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင် (၂၇) ရက်နေ့တွင် ကူးစက်သူ (၅,၀၀၀) အောက်သာရှိသည်ဟု ဖော်ပြခဲ့သော်လည်း အမှန်တကယ်အရေအတွက်မှ ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း နိုင်ငံတကာသတင်းများတွင် ဖော်ပြနေကြခြင်းဖြစ်သည်။  

#HTY_Information

ရှမ်း​မြောက်မှာ စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)...

HTY Information 4 months ago

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှဖွင့်လှစ်ခဲ့သော အခြေခံကျောင်းများတွ...

HTY Information 7 months ago

ဒီပဲယင်း ကျခတ်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ စစ်ကား (၃)စီး မိုင်းဆွဲတိုက်...

HTY Information 4 months ago

အာဆီယံထိပ်သီးအစည်းအဝေးပွဲအား အာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မ...

HTY Information 3 months ago

KNLA ကမိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ ယာဉ်နှစ်စီး ပျက်စီးခါ တစ်ဦးဒဏ...

HTY Information 4 months ago