ကိုဗစ် ၁၉ ဆိုးရွားစွာခံစားနေရချိန်တွင် လက်နက်ကိုင်အဖွဲ့များနေဖြင့် စစ်ရေးအရှိန်လျှော့ချရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ဆိုးရွားစာခံစားနေရသည့် ပြည့်သူများအတွက် စစ်ဘေးဒဏ်ကိုပါ ထပ်မံမခံစားရစေရန် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမူများကို အတတ်နိုင်ဆုံး လျှော့ချခြင်း၊ ရှောင်ကျဉ်ခြင်း၊ ရပ်တန့်ခြင်းများကို ပြုလုပ်ကြပါရန် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို ကိုးကန့် MNDAA၊ တအာင်း TNLA၊ ရခိုင် AA ညီနောင်မဟာမိတ်သုံးဖွဲ့မှ ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ချက်ကာ တိုက်တွန်းလိုက်သည်။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရမှုနှုန်း သေဆုံးမှုနှုန်းများကို ထိမ်းချုပ်ကာကွယ်ရန် ကာကွယ်ဆေးထိုးသင့်သူများ အချိန်မှီဆေးထိုးနိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့ကိုဗစ်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း ဆိုထားသည်။

ယင်းအပြင် ကယား၊ ချင်း၊ ကချင်၊ ကရင်၊ တအာင်း၊ ကိုးကန့်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီတို့တွင် စစ်ကောင်စီမှ အင်အားဖြည့်တင်းထားပြီး လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်း ရမ်းသမ်းပစ်ခတ်နေခြင်းများ၊ အပြစ်မဲ့ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် အဆိုပါ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဆိုသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများထက် ပိုမိုသော စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားရမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အစုအဖွဲ့များအားလုံး စဉ်းစားအဖြေရှာဆောင်ရွက်သင့်ကြောင်း MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စက်တင်ဘာလ ၄ ရက်၊ ၂၀၂၁


#ညီနောင်မဟာမိတ်အဖွဲ့

#HTY_Information

လှိုင်သာယာမြို့နယ်တွင်း ဗုံး (၆)လုံးပေါက်ကွဲ၍ လူထိခိုက်မှုရှိခဲ့ပြီး ပ...

HTY Information 2 months ago

တော်လှန်ရေး၏ အပြောင်းအလဲတစ်ခုအားအင်တစ်ခုဖြစ်လာမည့် NUG BOND များ ယနေ့မ...

HTY Information 6 days ago

အမေရိကန်နှင့် ကနေဒါမှ ထိုင်ဝမ်သို့ ဒုံးကျည်ဖျက်စစ်သင်္ဘောများထပိမံစေလွ...

HTY Information 1 month ago

လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမပေါ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြ...

HTY Information 2 months ago

ဝိုင်း​မော် ခလရ (၅၈) မှ စစ်သားမယားများ ၎င်းတို့၏ ချစ်ခင်ပွန်းများ​ထောင...

HTY Information 1 month ago