KNLA ကမိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီ ယာဉ်နှစ်စီး ပျက်စီးခါ တစ်ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

လေးကေကျေးရွာ ဖက်သို့ ဦးတည်မောင်းနှင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၊ စကခ(၈) ပိန္နဲတောစခန်း စစ် ကား(၄)စီးအား ကေအဲန်ယူ-ဘီးလင်းမြို့နယ် တာပေါကျေးနယ် အုပ်စုအတွင်း၌ KNLAမှ ဆွဲမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ကား၂စီးပျက်စီးခဲ့ပြီး တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ဟု KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ယာဉ်တန်း မလာမီ စက်တင်ဘာ ၃ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဝင်းတာပန် တပ်စခန်းမှ နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီတပ်တို့က လမ်းလုံခြုံရေး ဆောင်ရွက်ခဲ့သော်လည်း ညနေပိုင်း၌ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ကား၂စီးပျက်စီးကာ တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေ ဘားအံမြို့နယ်တွင်လည်း စက်တင်ဘာ ၃ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စက်တင်ဘာလ ၄ ရက်၊ ၂၀၂၁


#KNU  #KNLA
#မိုင်းခွဲတိုက်ခိုက်

HTY_Information

လွိုင်​ကော်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ​သေဆုံးပြီး...

HTY Information 2 months ago

“မြန်မာနိုင်ငံသားများရဲ့ သတ္တိကိုလေးစားပြီး၊ လက်တွေ့ကျသေချာတဲ့ အရေးယူဆ...

HTY Information 4 months ago

ကာဘူးလ်လေဆိပ် ISIS အသေခံဗုံးခွဲမှု တာလီဘန် ၂၈ ဦး၊ US စစ်သား ၁၃ ဦး၊ အရပ...

HTY Information 3 months ago

တရုတ်လေယာဉ်များ နိုင်ငံပိုင်နက်ထဲဝင်ရောက်လာ၍ ထိုင်ဝမ်မှ တိုက်လေယာဉ်မျာ...

HTY Information 2 months ago

ကိုဗစ် Delta မျိုးကွဲကူးစက်ပြန့်ပွါးခြင်းကြောင့်ဟုဆိုကာ အစိုးရအရာရှိ ၃...

HTY Information 3 months ago