ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အ စည်းအဝေးကို မြန်မာအာဏာသိမ်းစစ်တပ်ကကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်နေကြောင်း သိရပါတယ်။
ဇွန် ၂၁ ရက်နဲ့ ၂၂ ရက် ၂ ရက်ကြာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို အခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတာလည်းဖြစ်ပါသည်။
အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံကိုယ်စားပြုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကာကွယ် ရေးဝန်ကြီးကို အစည်းအဝေးတက်ရောက်ခွင့်ပြုလို့ ကန့်ကွက်မှုတွေရှိခဲ့ပေမဲ့ အာဆီယံ(၈)နိုင်ငံက အတည်ပြုလို့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်ကိုတက်ရောက်ခွင့်ပြုတာလို့ ကမ္ဘောဒီးယားနိုင်ငံဘက်က ပြောဆိုထားပါတယ်။
ဇွန်လ ၂၂ ရက် ၊ ၂၀၂၂
#Rf_KhmerTimes
#အာဆီယံဝန်ကြီးများအစည်းအဝေး
#HTY_Information