“ခိုးယူထားသည့် ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူများထံ ပြန်လည်ပေးအပ်ရမည်”

မြန်မာစစ်တပ်အတွင်း အကျိုးစီးပွါးပဋိပက္ခများ စနစ်တကျအတွင်းလှိုက်စားမှုရှိနေကြောင်း သက်သေ အထောက်အထားများကို ပိုမိုတွေ့ရှိထားပါသည်။ Reuters သတင်းဌာန၏ စုံစမ်းထောက်လှမ်း သတင်းတစ်ရပ်တွင် လေတပ်ကာကွယ်ရေးဦးစီးချုပ်မောင်မောင်ကျော်၏ သား၊ ချွေးမ၊ တူမနှင့် တူဖြစ်သူတို့ ပါဝင်ပတ်သက်နေသည့် စစ်လက်နက်ဝယ်ယူရေးအပါအဝင် စီးပွားရေးအဆက်အနွယ် များကို ဖော်ထုတ်ထားသည်။

“လေတပ်အသုံးစရိတ်၏ ကြီးမားသည့်ပမာဏကို လေယဉ်အသစ်များဝယ်ယူရေးအတွက် သာမက လက်ရှိအသုံးပြုလျက်ရှိသည့် မော်ဒယ်များအား စက်ပစ္စည်းအစိတ်အပိုင်းအသစ်များ တပ်ဆင်ရာတွင် အသုံးပြုကြောင်း အသုံးစရိတ်မှတ်တမ်းများက ပြသနေသည်။ အသုံးစရိတ် မှတ်တမ်းများကို Reuters သတင်းဌာန၏ ဆန်းစစ်လေ့လာချက်အရ ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လေတပ်အတွက် နိုင်ငံခြားမှပစ္စည်းဝယ်ယူရေးအသုံးဘက်ဂျက် အမေရိကန်ဒေါ်လာ ၃၇၇ သန်း ၏ သုံးပုံတစ်ပုံသည် အပိုပစ္စည်းများနှင့် ပြင်ဆင်ရေးများအတွက် အသုံးပြုခဲ့သည်။ ထို လေယဉ်အပိုပစ္စည်းကုန်သွယ်ရေး လုပ်ငန်းသည် အကျိုးအမြတ်ကြီးမားသည့် စီးပွါးရေးလုပ်ငန်းတစ်ရပ်ကို ဖြစ်ပေါ်လာစေသည်ဟု” စစ်ဘက် ကန်ထရိုက်တာတစ်ဦးက ဆိုပါသည်။ Reuters သတင်းဌာန၏ စုံစမ်းထောက်လှမ်းသတင်း ဆောင်းပါးကို ယခုနေရာတွင် ကြည့်ရှုပါ။ 👉🏽

https://reut.rs/3hgcPEJ


ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လေတပ်ကန်ထရိုက်တာကုမ္ပဏီ Aero Sofi နှင့် ပတ်သက်၍ ပေါက်ကြား လာသော စာရွက်စာတမ်းများကို Justice For Myanmar က ထုတ်ပြန်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် လေတပ်ဦးစီးချုပ်မောင်မောင်ကျော်၏ တူဖြစ်သူ လင်းထက် (ဓါတ်ပုံတွင် ဟယ်လီကော်ပတာနှင့် တွေ့ရသူ) နှင့် ပက်သက်ဆက်နွယ်သည့် ကုမ္ပဏီအဖြစ် Reuters သတင်းဌာန၏ သတင်းဆောင်းပါးတွင် ရည်ညွှန်း ဖော်ပြခဲ့သည်။ ဂျော်ဒန်နိုင်ငံမှ C295 အမျိုုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ဝယ်ယူရာတွင် Aero Sofi ကုမ္ပဏီ၏ ပါဝင်ပတ်သက်မှုကို စုံစမ်းထောက်လှမ်းသတင်း ရေးသား ထားသည့် ကျွန်ုပ်တို့၏ သတင်းဆောင်းပါးနှင့် ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ယခုနေရာတွင် ကြည့်ရှုပါ။ 👉🏽

https://bit.ly/3tthR5D

တရားမဝင်စစ်အာဏာသိမ်းကြိုးပမ်းမှုနှင့် စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးများသည် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများအတွက် လက်နက်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ရန် စီးပွားရေး အခွင့်အလမ်းတစ်ရပ် ဖြစ်နေပေသည်။ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေးကို ယခုချက်ချင်း လုပ်ဆောင်ရန်နှင့် မောင်မောင်ကျော်၏ မိသားစုဝင်များ၊ ကုမ္ပဏီများနှင့် အရေးပါသည့် မိတ်ဖက်များ အပါအဝင် မြန်မာစစ်တပ်၏ ရာဇဝတ်လုပ်ငန်းများအား အားပေးထောက်ကူလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ ခိုးယူထားသည့် ပိုင်ဆိုင်မှုများအားလုံးကို ပြည်သူများထံ ပြန်လည်ပေးအပ်ရမည်။ 

စစ်ရာဇဝတ်ဂိုဏ်းအား မဖြစ်မနေ ဖျက်သိမ်းရမည်ဖြစ်သည်။✊🏽 

(Justice For Myanmar မှ ကူးယူဖော်ပြသည်။)

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၁

#WhatsHappeningInMyanmar #Corruption #MyanmarMilitaryTerrorists #JusticeForMyanmar

#HTY_Information

သတ်ဖြတ်ခြင်း မီးရှို့ဖျက်ဆီးခြင်းများနှင့် မိုင်းခွဲတိုက်ခိုက်ခြင်းမျာ...

HTY Information 3 months ago

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ ပြင်သစ်နိုင်ငံ FRANCE 24 သတင်းဌာ...

HTY Information 6 months ago

ရန်ကုန်မြို့တွင် လက်ဖက်ရည်ထိုင်သောက်နေသော အုပ်ချုပ်ရေးမှူး (၂)ဦး တစ်ရက...

HTY Information 1 month ago

လှိုင်သာယာမြို့နယ်မှ စစ်ကောင်စီသတင်းပေး ပျူးစောထီးအဖွဲ့ဝင်ဟု သတ်မှတ်ခံ...

HTY Information 2 months ago

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခ...

HTY Information 3 months ago