စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာရှိ PDF စခန်းကို လမ်းပြခဲ့သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပျူစောထီးအဖွဲ့ဖွဲ့စည်သူတစ်ဦးအား ယမန်နေ့ ညနေ (၆:၀၀)ခန့်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သေသအရင်းအမြစ်သတင်းများအရသိရသည်။
သေဆုံးသူများသည် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း အသက် ၄၇နှစ် နှင့် ပျူစောထီးအဖွဲ့ ဖွဲ့စည်းသူ ကျော်သိန်း အသက်၅၀နှစ်တို့ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တွေ့ဆုံပြီး အပြန်တွင် ခင်ဦး-သင်းပေါင်းကားလမ်းပေါ်ရှိ ကုန်းကြီးကျေးရွာနှင့် ပေါက်အိုင်ကျေးရွာ အကြားတွင် ဓားထုတ်ခံရကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၆ ယောက်မြောက်သော ဒလန်ဖြစ်သူများကို သုတ်သင်ရှင်းလင်းခြင်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၁
#ခင်ဦး
#ဒလန်သေဆုံး
#HTY_Information