ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း တန့်ဆည်တွင် မိုင်းခွဲခံရ၍ နောက်ဆုံးယာဉ်ထိမှန်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ယာဉ်တန်း ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က ဝရငယ်ကျေးရွာအနီးတွင် မိုင်းခွဲခံရ၍ နောက်ဆုံးယာဉ်ထိမှန်ပျက်စီးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ကံထူးမရဲစခန်းမှ တန့်ဆည်သို့ ထွက်ခွာလာသည် စစ်ကောင်စီကား လေးစီးပါ ယာဉ်တန်းသည် ဝရငယ် ရွာသစ်အနီးရောက်ရှိချိန် PDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းပြီး နောက်ဆုံးယာဉ်ထိမှန်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူ (၁၀)ဦးဝန်းကျင်ရှိနိုင်ကြောင်း ဒေသအရင်းအမြစ်သတင်းများမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တန့်ဆည်မြို့အနီးရှိ ကျေးရွာများတွင် တပ်ဆွဲကာ ဒေသခံပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများ ဖမ်းဆီးမှုများရှိနေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရှိရပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စတင်ဘာလ ၃ ရက်၊ ၂၀၂၁


#တန့်ဆည်

#မိုင်းခွဲတိုက်ခိုက်

#ဓာတ်ပုံ_ပုံဟောင်း

#HTY_Information

အင်ဒိုနီးရှား၊ ဂျာဗားကျွန်းအနောက်ပိုင်းမှာ အကျဉ်းထောင်မီးလောင်မှုကြောင...

HTY Information 2 months ago

🛑 နောက်နှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက် Covid-19 ကူးစက်နိုင်ခ...

HTY Information 3 months ago

တာလီဘန်များမှ ပြန်ပေးသမား ၄ ဦးအားပစ်သတ်ပြီးနောက် အလောင်းများအား မြို့လ...

HTY Information 2 months ago

အမရပူရတွင် စစ်ကားတစီး ဗုံးခွဲတိုက်ခံရပြီးနောက် မြို့ဝင် မြို့ထွက် ပိတ်...

HTY Information 2 months ago

လှိုင်သာယာမြို့နယ် (၅)ထိပ် မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ...

HTY Information 2 months ago