HTY Information 3 months ago

ကာကွယ်ဆေးကိုခံနိုင်ရည်ရှိနိုင်သည့် Covid မျိုးကွဲ Lambda နိုင်ငံပေါင်း ၂၉ ခုမှာတွေ့ရှိထား

Covid ဗီဇပြောင်းမျိုးကွဲတစ်မျိုးဖြစ်သည့် Lambda (or) C.37 ကို ပီရူးနိုင်ငံတွင် ၂၀၂၀ ခုနှစ် ဂျွန်လ (၁၄) ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး WHO မှ ၂၀၂၀၊ ဒီဇင်ဘာတွင် တရားဝင်မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

HTY Information (ဩဂုတ် ၅ ရက်)

Lambda မျိုးကွဲ၏ လက္ခဏာများနှင့် အကျိုးသက်ရောက်မှုများကို ပြည့်ပြည့်စုံစုံမသိရသေးသော်လည်း “ကူးစက်ရန် ပိုမိုလွယ်ကူခြင်း၊ ခန္ဓာကိုယ်မှ ခုခံနိုင်စွမ်း (Antibodies) ကို ပိုမိုခံနိုင်ရည်ရှိခြင်း” တို့ ဖြစ်နိုင်ချေများသည်ဟု WHO မှ တာဝန်ရှိသူများမှ ပြောကြားခဲ့ခြင်းဖြစ်သည်။ သုသေသနပညာရှင်များအနေဖြင့် Lambda မျိုးကွဲဗီဇကို ပိုမိုနားလည်နိုင်ရန် လေ့လာမှုများ လိုအပ်နေသေးကြောင်းလည်း သိရသည်။

Lambda မျိုးကွဲကို လေ့လာနေသော အဖွဲ့အစည်းများအနက်၊ New York တက္ကသိုလ်မှ ၂၀၂၁၊ ဂျူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ချက်အရ Lambda မျိုးကွဲသည် mRNA ဆေးအမျိုးအစားများဖြစ်သော Pfizer-BioTech နှင့် Moderna ကဲ့သို့ ကာကွယ်ဆေးများမှ ထုတ်လုပ်ပေးသော ခုခံနိုင်စွမ်း (Antibodies) ကို ခုခံနိုင်စွမ်းရှိလိမ့်မည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ကာကွယ်ဆေးကိုသိသိသာသာတိုက်ခိုက်နိုင်စွမ်းတော့ မရှိကြောင်း သိရသည်။

“အခုထက်ထိတော့ Lambda မျိုးကွဲဟာ ပိုပြီးအန္တရာယ်ရှိတယ်လို့ တော့ထင်ရှားတဲ့ လက္ခဏာတော့ မတွေ့ရသေးပါဘူး။ Lambda က ပိုပြီး ကူးစက်မှုနှုန်းမြန်နိုင်ချေတော့ရှိတယ်။ ဒါပေမယ့် Gamma နဲ့ Delta မျိုးကွဲတွေနဲ့ ယှဉ်ပြီး စမ်းသပ်ထားတဲ့ လုံလောက်တဲ့ အချက်အလက်တွေတော့ မရှိသေးပါဘူး” ဟု WHO မှာ ရောဂါပိုးမွှားဗေဒ ပညာရှင် တစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့သည်။

Lambda မျိုးကွဲကို အာဂျင်တီးနား၊ အီကွေဒေါ၊ ချီလီ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် တွေ့ရှိထားပြီး၊ ပီရူးနိုင်ငံတွင် ကူးစက်ခံရသူများ၏ ၈၁% သည် Lambda မျိုးကွဲဖြစ်ကြောင်း သိရသည်။ အမေရိကန်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးဌာန CDC မှ ထုတ်ပြန်ချက်အရ အမေရိကန်ရှိ ပြည်နယ် ၄၄ ခုတွင် Lambda မျိုးကွဲကူးစက်ခံထားရသူပေါင်း ၁,၃၀၀ တွေ့ရှိထားသည်ဟူ ထုတ်ပြန်ခဲ့သည်။ 

ကျန်းမာရေးပညာရှင်များအတွက်ကတော့ ထပ်မံပေါ်ထွက်လာမည့် Covid မျိုးကွဲများကို ခံနိုင်ရည်ရှိန်ိုင်မည့် ကာကွယ်ဆေးများရှာထွေထုတ်လုပ်ရန်အတွက် စိမ်ခေါ်မှုများ ထပ်ခါတလဲလဲ ရင်ဆိုင််နေရခြင်းပင်ဖြစ်သည်။  

#Lambda

#Covid19

#HTY_Information

ပျောက်ကွယ်နေသောစစ်ဦးစီးချုပ်ပြန်ပေါ်လာပြီးနောက် ကမ္ဘာ့အသိအမှတ်မပြုသည့်...

HTY Information 4 months ago

စစ်တပ်ဟာ ဆန့်ကျင်သူတွေကို အင်အားသုံး ချေမှုန်းနေပြီး လူ့အခွင့်အရေးချို...

HTY Information 11 hours ago

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အချို့မှစတင်၍ နေအိမ်ရှိ လူစာရင်းများ စတင...

HTY Information 2 months ago

မြန်မာမှတရားမဝင် ခိုးဝင်သူများကြောင့် တရုတ်၊ ရူလီမြို့တွင်ရောဂါထိမ်းချ...

HTY Information 4 weeks ago

ယာဥ်ထိန်းရဲချင်း ရန်ဖြစ်ရာမှ ဝင်ရောက်ဖျန်ဖြေခဲ့သော ယာဥ်ထိန်းရဲ သေနတ်ဖြ...

HTY Information 2 months ago