ဓာတ်အားပေးစက်ရုံက ပို့လွှတ်လိုက်တဲ့ဓာတ်အားတွေ မပြတ်တောက်စေဖို့နဲ့ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားရမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။
နိုင်ငံတစ်ဝှမ်းလျှပ်စစ်မီးပြတ်တောက်မှုတွေဟာ အာဏာ သိမ်းပြီးနောက်ပိုမိုဆိုးရွာလာခဲ့ပြီး မကြာသေးမှီအချိန်ကာလမှာ စစ်ကောင်စီက ဝန်ကြီးအသစ်ခန့်အပ်ပြီး ၎င်းတက်လာပြီးမှ လျှပ်စစ်မီးရရှိမှု ပိုမိုနည်းပါးလာခဲ့တာလည်းဖြစ်ပါတယ်။
သို့သော် အစည်းအဝေးတိုင်းမှာတော့ မိမိတို့နိုင်ငံဟာ နေရောင်ခြည်စွမ်းအင်အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တာကြောင့် နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကို အကောင်အထည်ဖော် တည်ဆောက်သွားရမှာဖြစ်ကြောင်းနှင့် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ ဆိုလာ Tracking System တပ်ဆင်ထားတာကြောင့် လျှပ်စစ်ပိုမိုထုတ်လုပ်လာနိုင်ခဲ့တဲ့အတွက် စက်ရုံအနီးမြေလွတ်မြေရိုင်းတွေကို ဆိုလာစီမံကိန်းအသစ်တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ပြောသော်လည်း ယနေ့တိုင် လျှပ်စစ်မီးရရှိမှုဟာ ပို၍ပို၍ နည်းပါးလာခဲ့တာလည်း ဖြစ်ပါသည်။
(မေလ ၁၇ ရက် ၊ ၂၀၂၂)
#လျှပ်စစ်ဝန်ကြီးဌာန
#လျှပ်စစ်မီးပြတ်တောက်မှု
#HTY_Information