ဂျိုုးဘိုက်ဒန် ၇၉ နှစ်မပြည့်မှီတစ်ရက်အလိုတွင် ကျန်းမာရေးအခြေအနေကြောင့် ဒုတိယသမ္မတကို ယာယီအာဏာလွှဲအပ်

ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်ကို အစာအိမ်အူမကြီး စစ်ဆေးမှု မှန်ပြောင်းကြည့်ရန် မေ့ဆေးပေးထားချိန်တွင် ဒုတိယသမ္မတ ကမလာဟယ်ရစ်ကို ၈၅ မိနစ်ကြာ အာဏာလွှဲပြောင်း ပေးခဲ့ရသည်ဟု ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။ ဆေးစစ်မှုပြီးသည့်နောက်တွင် သမ္မတဂျိုးဘိုက်ဒန်သည် ၎င်း၏ တာဝန်များကို ကျန်းမာစွာပြန်လည်ထမ်းဆောင်နေပြီ ဖြစ်သည်ဟုလည်း သိရသည်။

ထိုကဲ့သို့ ယာယီအာဏာလွှဲပြောင်းမှုသည် ယခင်ကလည်း ရှိခဲ့ဖူးသဖြင့် အထူးအဆန်းမဟုတ်သော်လည်း၊ ကမလာဟယ်ရစ်သည် အမေရိကန်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ်ထမ်းဆောင်ခွင့်ရသော ပထမဆုံး အမျိုးသမီးဖြစ်သည့်အတွက်၊ ယခုအဖြစ်အပျက်ကြောင့် နိုင်ငံတွင် သမ္မတတာဝန်ကို ခတ္တပေးအပ်ခြင်းခံရသော ပထမဆုံးအမျိုးသမီးလည်း ဖြစ်လာခဲ့သည်။

သမ္မတဂျိုးဘိုက်ဒန်သည်လည်း ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် အသက် ၇၉ နှစ်ပြည့်ပြီဖြစ်သောကြောင့် နိုင်ငံတွင် သမ္မတရာထူးထမ်းဆောင်ခဲ့ဖူးသူများအတွင်း အသက်အကြီးဆုံးဖြစ်ပြီး၊ အများစုမှာ၎င်း၏ကျန်းမာရေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြခြင်းလည်း ဖြစ်သည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၁


#JoeBiden

#KamalaHarris

#HTY_Information

NUG နှင့် CRPH အားတရားဝင်အသိအမှတ်ပြုရေး ဥရောပသမဂ္ဂပါလိမန်တွင် မဲခွဲဆုံ...

HTY Information 1 month ago

တရုတ်လေယာဉ်များ နိုင်ငံပိုင်နက်ထဲဝင်ရောက်လာ၍ ထိုင်ဝမ်မှ တိုက်လေယာဉ်မျာ...

HTY Information 2 months ago

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့နှင့်မဆို လက်တွဲပြီး အာဏာရှင်...

HTY Information 2 months ago

ရန်ကုန်၊ လှိုင်မြို့ (၃)နေရာတွင် ပေါက်ကွဲမှုများဖြစ်ပွား၍ ပစ်ခတ်သံများ...

HTY Information 2 months ago

စစ်ကောင်စီအထိနာခဲ့သည့် ပင်လယ်ဘူးတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းသု...

HTY Information 2 months ago