ဈေးကွက်တွင်း ဒေါ်လာဈေး ၂၀၀၀ ကျော်ရှိနေသည်ကိုပင် ငွေလဲနှုန်းအကျပ်အတည်းထိန်းချုပ်နိုင်ပြီဟု ဗဟိုဘဏ်ဆို

မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအကျပ်အတည်းကို ဗဟိုဘဏ်က ကိုင်တွယ်နေပြီး ဈေးနှုန်းတွေက ထိန်းချုပ်နိုင်တဲ့ လမ်းကြောင်းရောက်နေပြီဟု ဗဟိုဘဏ်ကဆိုပါတယ်။

ပို့ကုန်ကရရှိခဲ့တဲ့ နိုင်ငံခြားငွေတွေကို လက်ခံရရှိပြီး ရက် ၃၀ အတွင်း ပြန်ရောင်းရမယ်လို့ ဗဟိုဘဏ် က ပြဌာန်းသတ်မှတ်ခဲ့တာကြောင့် ‌ဈေးကွက်မှာ နိုင်ငံခြားငွေ ပြန်များလာပြီး ငွေလဲနှုန်းကို ပြန်ချပေးလိမ့်မယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။

“ပုံမှန် ဖြစ်သင့်တဲ့နှုန်းကို ပြန်ကျ လာနေတယ်” လို့ ရိုက်တာ သတင်းဌာနကို ဖုန်းနဲ့ ပြောခဲ့တာပါ။

စီးပွါးရေး ပြဿနာတွေ ဖြစ်ရတာဟာ ပြည်ပအကြောင်းအချက်နဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်တယ် လို့ ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီက ပြောခဲ့ပါတယ်။ ဒါပြင် ဈေးကွက်ရဲ့ ဒေါ်လာငွေ လိုအပ်ချက်ကို ဗဟိုဘဏ်က ဖြည့်ဆည်း မပေးနိုင်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး နိုဝင်ဘာ ဒီဇင်ဘာမှာ ပို့ကုန် ပြန်တက်လာတာက ငွေလဲနှုန်းကျဖို့ အထောက်အကူ ဖြစ်မယ်လို့ ဦးဝင်းသော်က ပြန်ဆိုပါတယ်။

အာဏာမသိမ်းမီက တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၃၉၅ ကျပ် သာရှိခဲ့ပေမဲ့ ယခု ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ မှာတော် တဒေါ်လာကို ၂,၇၀၀ အထိ ဖြစ်ခဲ့ပါတယ်။

မြန်မာကျပ်ငွေရဲ့တန်ဖိုးက ၆၀ % ကျော် လျော့နည်းသွားခဲ့တဲ့အတွက် အစားအသောက်နဲ့ ဓာတ်ဆီ၊ ဒီဆယ်ဆီဈေးတွေက ထိုးတက်သွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စီးပွါးရေးကျဆင်းလာခဲ့တာဟာ ပမာဏအားဖြင့် ၁၈ % နည်းသွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ် နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့က ပြောခဲ့ကြပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


အောက်တိုဘာလ ၇ ရက်၊ ၂၀၂၁


#မြန်မာကျပ်ငွေကျဆင်းခြင်း

#ဗဟိုဘဏ်

#Ref_VOA

#HTY_Information

ကြံ့ခိုင်ရေးပါတီ ဆိပ်ကမ်းအမတ်ဟောင်း ဦးနေမျိုးအောင် သေနတ်ပစ်သတ်ခံရ

HTY Information 7 months ago

တရုတ်ကာကွယ်ဆေးထိုးပြီး ၆ လအကြာတွင် ရောဂါကာကွယ်နိုင်စွမ်း ပြန်ပျောက်သွာ...

HTY Information 5 months ago

ရုရှားအရှေ့ဖျားတွင် ခရီးသွားများတင်ဆောင်လာသော ရဟတ်ယျာဉ်ပျက်ကျခဲ့မှု (၈...

HTY Information 5 months ago

လှိုင်သာယာမြို့နယ် စစ်ကောင်တပ်များလုံခြုံရေးယူထားသည့် ယဉ်ထိန်းရဲရုံး ဗ...

HTY Information 3 months ago

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ၏ ASEAN ခရီးစဉ်တွင် မြန်မာ...

HTY Information 2 months ago