ရန်ကုန်တိုင်းအခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းခံရသော Burmese Rangers Army Local PDF ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက မဟုတ်မှန်သော သတင်းတစ်ခုနဲ့ သတင်းမီဒီယာတွေကြားရေးပန်းစားလာတာကိုတွေ့ရှိရပါတယ်။
အဆိုအဖွဲ့အစည်းအား HTY Info အနေနဲ့ သင်္ကာမကင်းဖြစ်ရတဲ့အတွက် လိုက်လံစုံစမ်းဖော်ထုတ်နိုင်ဖို့ကြိုးစားခဲ့ပြီး ပြန်လည်တွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းမီဒီယာကြီး တစ်ခုဖြစ်တဲ့ ခေတ်သစ်သတင်းဌာကနေ သတင်းတစ်ပုဒ်စတင်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒိသတင်းမှာ လှိုင်သာယာမြို့နယ် ညောင်ကျေးရွာမှာ စစ်ကားတစ်စီးပေါ် ဇူလိုင်လ (၈) ရက်နေ့က ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား (၂)ဦးသေ (၁)ဦးဒဏ်ရာရတယ်လို့ဆိုထားပါတယ်။
"ကျွန်တော်တို့ ညောင်ဘက်က တော်ရုံဘာသံမှမကြားရဖူး UG တွေလည်း Target ထားတာမျိုးမရှိတာလား မလွယ်လို့လားတော့မသိဖူး သတင်းတွေမှာဖော်ပြသလို ဖြစ်စဉ်တွေလည်းမရှိဖူးလို့" အုပ်ချုပ်ရေးနီးစပ်တဲ့အသိုင်းအဝိုင်းအပြင် ရပ်ကွက်နေပြည်သူတွေဆီကလည်း စုံစမ်းသိရှိရပါသည်။
ဒါပြင် ထပ်မံရှာဖွေစုံစမ်းချက်အရ အဆိုပါအဖွဲ့ဟာ ဩဂုတ်လ (၉) ရက်နေ့က ၎င်းတို့နေထိုင်ရာ နေရာကို စစ်ကားများဖြင့် စီးနင်းတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ အဖွဲ့ဝင် (၂)ဦးသေဆုံး၍ (၆)ဦးဖမ်းဆီးခံခဲ့ရပြီး ကျန်သူတွေလွတ်မြောက်ခဲ့တယ်လို့ သတင်း မီဒီယာကြီးတွေဖြစ်တဲ့ BBC ၊ Mizzima ၊ Tachileik News အပါအဝင်အခြား Midia ကြီးတွေနဲ့ ဆိုရှယ်မီဒီယာမှာ ပြန်လည်ကူးယူဖော်ပြသူတွေနဲ့ ဖတ်ရှုသူများပြားစွာ ရှိနေတာတွေ့ရပါတယ်။
၎င်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး HTY info ဟာအချိန်ကြာမြင့်စွာ စောင့်ကြည့်စုံစမ်းတာတွေလုပ်ပြီးတဲ့နောက် ရန်ကုန်တိုင်းအခြေစိုက်ကာကွယ်ရေးတပ်များကို မေးမြန်တဲ့အခါမှာ "ထူးတော့ထူးဆန်းတယ်ဗျ ကျွန်တော်တို့ အဖွဲ့အားလုံးတောင် သတင်းတွေပါလာမှ သူတို့အဖွဲ့ကိုသိရတာ ပထမတော့ ဘယ်သူမှအချိတ်အဆက်မလုပ်ပဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ အဖွဲ့လို့ပဲထင်ခဲ့တာ နောက်တော့ ဒေသခံ တပ်ဖွဲ့တွေ လူခံတွေကို စုံစမ်းတော့ ဖြစ်စဉ်တွေဟာမရှိနေဘူး ကျွန်တော်တို့ သတိထားမိသလောက်ဆို ၃ ခု ၄ ခုလားပဲ ရှိနေပြီ သေချာတာတစ်ခုကတော့ ရန်ကုန်အခြေစိုက်မှာ ဒီနာမည်နဲ့လည်းမရှိသလို သိလည်းမသိ ကြားလည်းမကြားဖူးပါဘူး ဒါဟာ Media တွေတင်ပေးလိုက်တဲ့ နာမည်ရအဖွဲ့ပါလို့ " ရယ်မောရင်းသူကဆိုပါတယ်။
ယခုလိုရှုပ်ထွေးလှသော နိုင်ငံရေးအခြေအနေကြီးထဲမှာ တော်လှန်ရေးဟုခေါင်းစဉ်တပ်ရုံနဲ့ တော်လှန်နေတာမဟုတ်သလို သတင်းမြင်တိုင်းမဖော်ပြကြဖို့နဲ့ ဒေသအခြေစိုက်သတင်းဌာနငယ်တွေနဲ့ ဒေသခံတွေဆီက အတည်ပြုချက်ရယူပြီး သတင်းအမှားတွေကိုတားဆီးကာ စီစဉ်ဖော်ထုတ်နိုင်ဖို့အရေး အချိန်ယူကြိုးစားဖော်ထုတ်တင်ပြအပ်ပါသည်။
ဩဂုတ်လ ၂၄ ရက် ၊ ၂၀၂၂
#သတင်းအမှားတိုက်ဖြတ်ခြင်း
#HTY_Information