ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၄)ရပ်ကွက်၊ ၁၀လမ်း(A)၊ တိုက်၁၆ တွင် ဒီနေ့ ည (၇::၃၀)ဝန်းကျင်အချိန်ခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ၍ ဖမ်းဆီးခံရတယ်လို့ ဒေသခံများထံမှသိရပါတယ်။
"တိုက်အတွင်းမှာပေါက်သွားတာ တစ်ဦးကတော့သေသွားတယ်ကြားတယ် ထွက်ပြေးလာတဲ့တစ်ယောက် အဲ့ရပ် ကွက်ကလူတွေက ဝိုင်းဖမ်းပြီး စစ်တပ်ကိုအပ်လိုက်ကြတယ် ဖမ်းခံတဲ့ကောင်လေးက ဖမ်းခံရချိန်မှာ ကျွန်တော်ကိုသာသတ်လိုက်ကြပါတော့ဗျာဆိုပြီး အော်နေတယ် စိတ်မကောင်းတာရော ဒေါသထွက်တာရောနဲ့ ဘာပြောရမှန်းတောင်မသိတော့ဘူး" လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်၍ သေဆုံးသူအား စီစစ်ဆဲဖြစ်ပြီး ဖမ်းဆီးခံရသူမှာ သာကေတမြို့နယ်က အောင်အောင် ဆိုသူဖြစ်တယ်လို့ ရဲအရင်းအမြစ်က သိရပါတယ်။
ဒါပြင်ဖမ်းဆီးခံရသူမှတစ်ဆင့် ဆက်စပ်သူများကို စစ်ကောင်စီက အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ အမည်မဖော်လိုသော အဖွဲ့အစည်းတစ်ခုထံမှသိရှိရပါသည်။
ဇွန်လ ၂၆ ရက် ၊ ၂၀၂၂
#ဒဂုံဆိပ်ကမ်း
#နေအိမ်တွင်းပေါက်ကွဲမှု
#HTY_Information