ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)နှင့် အာဏာသိမ်းစစ်ကောင်စီ ခမရ (၂၀၈)တပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိကြောင်း KNU က ယနေ့သတင်းထုတ်ပြန်သည်။
သထုံခရိုင်၊ ဘားအံ မြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာအနီးတွင် ဒီကနေ့ နံနက် ၇ နာရီခွဲခန့်က KNLA တပ်ရင်း(၁)နှင့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ (ခမရ ၂၀၈)တပ်တို့ ၁၅မိနစ်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိကြောင်း သိရပြီး ဒဏ်ရာရစစ်သည်များကို ရွှေးဂွန်းဘက်သို့ပြန်လည် သယ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်ဟု KNU ကထုတ်ပြန်ထားပါသည်။
ဩဂုတ်လ ၂၉ရက်၊ ၂၀၂၁
#KNU
#တိုက်ပွဲ
#HTY_Information