အမရပူရတွင် စစ်ကားတစီး ဗုံးခွဲတိုက်ခံရပြီးနောက် မြို့ဝင် မြို့ထွက် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန်အင်း ကန်ပတ်လမ်းအနီး ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကားတစီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးထိခိုက်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို အနီးနားရှိသူများက ကျယ်လောင်စွာ ကြားလိုက်ရကြောင်း ပြောဆိုကြသလို ဗုံးပေါက်မှု ဗီဒီယိုဖိုင်တခုလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပါသည်။

၎င်းပေါက်ကွဲမှုအပြီး မြို့အဝင်အထွက်များတင်းကျပ်စွာ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

မန္တလေးတွင် ဗုံးပေါကွဲမှုများသည်မကြာခဏဆိုသလိုဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုတွေလည်းရှိခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။

စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

#မန္တလေး

#ဗုံးပေါက်ကွဲမှု

#ဓာတ်ပုံ_ပုံဟောင်း

#HTY_Information


မင်းအောင်လှိုင်ကို ASEAN Summit သို့တက်ရောက်ခွင့်မပေးရန် မလေးရှား၏ အဆိ...

HTY Information 1 month ago

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏ စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ရ...

HTY Information 3 months ago

လှိုင်သာယာမြို့နယ် ၈၆ဂိတ်ဟောင်းအနီး ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွား

HTY Information 2 months ago

အမေရိကန်ကာကွယ်ရေးဝန်ကြီး အရှေ့တောင်အာရှသို့ မကြာမှီရက်ပိုင်းအတွင်း လာရ...

HTY Information 4 months ago

ဒလန်ရှင်းလင်းရေး အမည်ခံ၍ ပြည်သူများကို ညှင်းပမ်းနှိပ်စက်နေသူများကို ကလ...

HTY Information 1 month ago